Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့ရှိ စစ်ကောင်စီလက်ပါးစေ စည်ပင်နှင့် လျှပ်စစ်ဝန်ထမ်းများကို တော်လှန်ရေးအင်အားစုများ သတိပေး

အကြမ်းဖက်စစ်ကောင်စီအတွက် ပြည်သူများထံမှ အခွန်ကောက်ခံမှုပြုလုပ်ပါက ခိုင်းစေသူအပါအဝင် ကောက်ခံသူ၏ မိသားစုများပါမကျန် တော်လှန်ရေးအင်အားစုများမှ ၎င်းတို့၏ အသက်အား အာမခံမည် မဟုတ်ကြောင်း သတိပေးထားသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် စစ်ကျွန်အဖြစ် တာဝန်ထမ်းဆောင်နေသော စည်ပင်သာယာရေးဦးစီးဌာနနှင့် လျှပ်စစ်ဦးစီးဌာနမှဝန်ထမ်းများအနေဖြင့် ပြည်သူများခက်ခဲနေချိန်တွင် စည်ပင်အခွန်၊ လျှပ်စစ်မီတာကြေးကောက်ခံခြင်းများ မပြုလုပ်ရန် ဝက်လက်မြို့နယ်တော်လှန်ရေးအင်အားစုများက ယနေ့(ဖေဖော်ဝါရီ ၂ ရက်)တွင် သတိပေးထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီအတွက် ပြည်သူများထံမှ အခွန်ကောက်ခံမှုပြုလုပ်ပါက ခိုင်းစေသူအပါအဝင် ကောက်ခံသူ၏ မိသားစုများပါမကျန် တော်လှန်ရေးအင်အားစုများမှ ၎င်းတို့၏ အသက်အား အာမခံမည် မဟုတ်ကြောင်း သတိပေးထားသည်။

“ဒီအချိန်က သတိတွေပေးရမယ့်အချိန်မဟုတ်တော့ဘူး။ စစ်ခွေးတွေအာဏာသိမ်းတာလည်း တစ်နှစ်ကျော် ပြီဆိုတော့ ကွဲကွဲ ပြားပြား ဖြစ်အောင်လုပ်ကြဖို့ တိုက်တွန်းချင်တယ်”ဟု ဝက်လက်မြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်ကောင်စီ၏ လုပ်ရပ်များပေါ်တွင် တစ်နိုင်ငံလုံးရှိ ပြည်သူများမှ နည်းမျိုးစုံဖြင့်တော်လှန်နေသည်မှာ ကမ္ဘာအသိ ယနေ့ထက်တိုင် ဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ဝက်လက်မြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီယန္တရားများမလည်ပတ်နိုင်စေရန် အခွန်အခများ မကောက်ခံရေးတော်လှန်ရေးအင်အားစုများမှ ဆောင်ရွက်ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။