Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ပြန်ကောင်းလာပြီး ဒီနေ့ရုံးချိန်းကို လာရောက်

တရားရုံးနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရ ခေါင်းမူးတာကိုခံစားခဲ့ရပေမယ့် ဒီနေ့မှာ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

Photo - AFP

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်နေထိုင်ကောင်းလာပြီး အဂတိမှုနဲ့ စွပ်စွဲခံရတဲ့ အမှုအတွက် တရားခွင်ကို ဒီနေ့မှာ လာရောက်ခဲ့တယ်လို့သိရပါတယ်။

မနေ့ကတော့ နေထိုင်မကောင်းလို့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားခွင်ကိုမလာရောက်နိုင်ခဲ့ဘူး။

တရားရုံးနဲ့နီးစပ်သူတွေရဲ့ပြောပြချက်အရ ခေါင်းမူးတာကိုခံစားခဲ့ရပေမယ့် ဒီနေ့မှာ ကျန်းမာရေးကောင်းမွန်တယ်လို့ သိရပါတယ်။

ဒီနေ့ ရုံးချိန်းကတော့ ရဟတ်ယာဉ် ဌားရမ်းတာနဲ့ပတ်သက်ပြီး စစ်ကောင်စီက အဂတိ နဲ့ စွပ်စွဲထားတဲ့အမှုဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရလိုက်ပဲ သေဆုံးသွားခဲ့ရတဲ့ တိုက်ချီဒို ခွေးကလေးအတွက် နာကျင်ရတယ်လို့ သားဖြစ်သူကိုထိန်လင်း (ခ) ကင်မ်အဲရစ် က ရင်ဖွင့်ထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတင်ကြောင်း နဲ့ ဒီလှုပ်ရှားမှုကို အကြောင်းပြုကာ ပြည်သူတွေကို မတရားဖမ်းဆီးခဲ့တဲ့ စစ်တပ်ရဲ့ လုပ်ရပ်ကို ရှုတ်ချကြောင်း People Movement Platform -Myanmar က အသိပေးထားပါတယ်။

ဆောင်းပါး

မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူတွေကို ဒေါ်အောင်ဆန်းစုကြည် ရွေးချယ်ပြီးနောက်ပိုင်း သူမရဲ့ တခြားဘယ်မိသားစုဝင်မှ တိုက်ချီဒိုလောက် နှစ်အကြာကြီး အတူမနေခဲ့ရပါဘူး။ တိုက်ချီဒိုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ၁၁ နှစ်လောက်အတူနေခဲ့ပြီး သူ့အသက် ၁၆ နှစ်အရွယ်မှာ သူ့မိခင်ကြီး ပြန်လည်လွတ်မြောက်လာမယ့်ရက်ကို စောင့်ဆိုင်းရင်း ဒီနေ့ ဇွန်လ ၂၁ ရက် ညဦးပိုင်းမှာ...