Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စတင်ပစ်ခတ်၍ တိုက်ပွဲဖြစ်၊စစ်ကောင်စီလှုပ်ရှားမှုအပေါ်မူတည်တုံ့ပြန်မည်ဟု AA​ ပြောကြား

စစ်ကောင်စီ၏ ခမရ(၃၅၂) စစ်ကြောင်းက AA တပ်ဖွဲ့တည်ရှိရာ မောင်တောမြို့နယ်မီးတပ်ရွာနှင့် မိုင်အနည်းငယ် အကွာရှိ လက်ပံတောင်ကြောသို့ဝင်ရောက်လာပြီး AA ကင်းသမားကို လက်ဦးမှုယူ ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ ဖေဖော်ဝါရီ ၄ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ AA တပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ပြီးစစ်ကောင်စီတပ်မှလည်းသေဆုံးထိခိုက်မှုရှိကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူကိုခိုင်သုခက ပြောသည်။

စစ်ကောင်စီ၏ ခမရ(၃၅၂) စစ်ကြောင်းက AA တပ်ဖွဲ့တည်ရှိရာ မောင်တောမြို့နယ်မီးတပ်ရွာနှင့် မိုင်အနည်းငယ် အကွာရှိ လက်ပံတောင်ကြောသို့ဝင်ရောက်လာပြီး AA ကင်းသမားကို လက်ဦးမှုယူ ပစ်ခတ်ခဲ့သည်ဟုဆိုသည်။

“ထိခိုက်ကျဆုံးမှုကကျွန်တော်တို့ဘက်ကကင်းစောင့်နေတဲ့ရဲဘော်တစ်ယောက်ကျဆုံးတာရှိတယ်။နောက်မြန်မာစစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေရှိတယ်။ဒါပေမဲ့လောလောဆယ်ဘယ်နှစ်ယောက်လည်းဆိုတာ အသေးစိတ်ကတော့ မသိရသေးဘူး” ဟု ကိုခိုင်သုခကပြောသည်။

တိုက်ပွဲမှာ ၄၅မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း၊ စစ်ကောင်စီ၏လုပ်ရပ်မှာ တည်ငြိမ်နေသည့် ရခိုင်ပြည်နယ်ကို မတည်ငြိမ်စေရန် ရည်ရွယ် လုပ်ဆောင်သည့် သဘောဖြစ်ကြောင်း၎င်းကသုံးသပ်သည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲတွေဆက်ပြီးတော့ ဖြစ်မယ်မဖြစ်ဘူးဆိုတာကတော့မြန်မာစစ်တပ်ရဲ့စစ်ရေးလှုပ်ရှားမှုအပေါ် အများကြီးမူတည်တယ်။ ကျွန်တော်တို့ကမြန်မာစစ်တပ်ဘက်ကလှုပ်ရှားမှုအပေါ်မူတည်ပြီးတော့လိုအပ်ရင် လိုအပ်သလိုတုံ့ပြန်လုပ်ဆောင်သွားမှာဖြစ်တယ်” ဟု ကိုခိုင်သုခက ပြောသည်။

AAနှင့်စစ်ကောင်စီသည်၂၀၂၀ ရွေးကောက်ပွဲကာလကစပြီးအပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ထားရာ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း တိုက်ပွဲဖြစ်ပွားမှုမရှိသလောက်နည်းပါးခဲ့သည်။

AA အနေဖြင့် စစ်အာဏရှင်ဆန့်ကျင်ရေးလူထုတော်လှန်ရေးတွင်ပါဝင်ခြင်းမရှိပေ။ သို့ရာတွင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ ယနေ့ပေးပို့သည့် AA၊TNLA၊ MNDAA တို့၏ သဝဏ်လွှာတွင် စစ်ရေး၊နိုင်ငံရေးပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရှိပါကအသင့်ရှိကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ် စစ်ဆင်ရေးတိုက်ပွဲမှာ ထိခိုက်ဒဏ်ရာရသူတွေကို အာရက္ခတပ်တော်(AA)ထံ အပါမခံဘဲ အချင်းချင်း ပစ်သတ်ဖို့ စစ်တပ်အရာရှိတွေက ညွှန်ကြားထားတယ်လို့ AA ဖမ်းမိထားတဲ့ စစ်သုံ့ပန်း ၁ဦးဖြစ်တဲ့ ပြည်သူ့စစ်မှုထမ်း(ပစ)တပ်သား ရန်ငြိမ်းအောင် က ပြောပါတယ်။

Facebook