Connect with us

Hi, what are you looking for?

News

နိုင်ငံတကာနှင့်ပူး​ပေါင်း​ဆောင်ရွက်​သော စီမံကိန်းများကို ရပ်ဆိုင်းထား​ကြောင်း MAPCO ထုတ်ပြန်

စစ်အုပ်စုက အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်ပရင်းနှီးမြုပ်နှံမှုများဝင်ရောက်မှု မရှိသ​လောက်နည်းပါးဖြစ်​နေပြီး ပြည်ပကုမ္ပဏီများ ပြန်လည်ထွက်ခွာ​နေကြသည်။ထိုအချိန်တွင် MAPCO ကနိုင်ငံတကာနှင့်ပူး​ပေါင်း​ဆောင်ရွက်​သောစီမံကိန်းများ ရပ်ဆိုင်းထားသည်ဟု​ကြေညာခြင်းဖြစ်သည်

နိုင်ငံတကာရင်းနှီးမြှပ်နှံသူများနှင့် ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းများကို လတ်တလော အခြေအနေအရ ရပ်ဆိုင်းထားသည်ဟု အများပိုင်ကုမ္ပဏီတစ်ခုဖြစ်​သော MAPCO ကုမ္ပဏီက ထုတ်ပြန်သည်။

၂၀၁၂ တွင်စတင်တည်​ထောင်ခဲ့ပြီးဆန်ပြည်ပတင်ပို့မှု၊ ဓာတ်မြေသြဇာရောင်းချမှု၊ ဆန်စက်လုပ်ငန်း၊ တောင်သူများနှင့် ကန်ထရိုက်လယ်ယာလုပ်ငန်း၊ သဘာဝဓာတ်မြေသြဇာစမ်းသပ်လုပ်ငန်းစသည့်တို့ကို ဆက်လက်လုပ်ကိုင်နေသော်လည်း နိုင်ငံတကာရင်းနှီးမြှပ်နှံသူများနှင့်ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းများကိုမူ ရပ်ဆိုင်းထားသည်ဟု မြန်မာနိုင်ငံလယ်ယာစီးပွားရေး အများပိုင်ကုမ္ပဏီလီမိတက် (MAPCO)က ​ဖေ​ဖော်ဝါရီ ၂ ရက်တွင် ထုတ်ပြန်သည်။

စစ်အုပ်စုက အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်ပရင်းနှီးမြုပ်နှံမှုများဝင်ရောက်မှု မရှိသ​လောက်နည်းပါးဖြစ်​နေပြီး ပြည်ပကုမ္ပဏီများ ပြန်လည်ထွက်ခွာ​နေကြသည်။ထိုအချိန်တွင် MAPCO ကနိုင်ငံတကာနှင့်ပူး​ပေါင်း​ဆောင်ရွက်​သောစီမံကိန်းများ ရပ်ဆိုင်းထားသည်ဟု​ကြေညာခြင်းဖြစ်သည်။

MAPCO သည် အရပ်သားအစိုးရလက်ထက်တွင် တရုတ်၊ စင်ကာပူ၊ ဂျပန်စသည့် နိုင်ငံများမှ ကုမ္ပဏီများ ပူးပေါင်း၍ စီမံကိန်းများကို လုပ်ကိုင်ခွင့်ရခဲ့သည်။ လှည်းကူးတွင် တည်ဆောက်မည့် ဒေါ်လာ သန်း ၂၃၀ တန် လှည်းကူးစက်မူဥယျာဉ်စီမံကိန်းတွင် City Mark ကုမ္ပဏီနှင့် MAPCO ပူးပေါင်း၍ စင်ကာပူ Sembcrop တည်ဆောက်ရန် လုပ်ကိုင်ခွင့်ရထားသည်။

Public Service Announcement

Public Service Announcement

ထိုပြင် သီလဝါအထူးစီးပွားရေးဇုန်တွင်လည်းဂျပန် ကုမ္ပဏီများဖြစ်သည့် Marubeni ၊ Sumitomo နှင့် Mitsui တို့နှင့်အတူ MAPCO က ဒေါ်လာ ၂ ဘီလီယံခွဲတန် LNG သုံးဓာတ်အားစက်ရုံစီမံကိန်းကိုလည်း လုပ်ကိုင်ခွင့်ရထားသည်။

တရုတ်အစိုးရပိုင် CITICကုမ္ပဏီနှင့်လည်းမြန်မာ-တရုတ် ဆန်စပါးစက်မှုလုပ်ငန်းစီမံကိန်း(MCRI)ကိုလည်း MAPCOကလုပ်ကိုင်ခွင့်ရထားသည်။

MAPCOသည် စစ်တပ်ပိုင် Mytel ကုမ္ပဏီတွင်လည်း ရှယ်ယာပါဝင်ခဲ့သော်လည်း ၂၀၂၁ ဇွန်လတွင် ထိုရှယ်ယာများကို ရောင်းချခဲ့သည်။ MAPCOသည် Mytelတွင် ပြည်တွင်းကုမ္ပဏီ ၁၁ ပါဝင်သည့် Myanmar National Telecom Holdingအဖြစ်ပါဝင်ခဲ့ခြင်းဖြစ်သည်။ MNTH ကုမ္ပဏီသည် Mytelတွင်ရှယ်ယာ ၂၃ ရာခိုင်နှုန်းကျော်ပါဝင်သည်။ ထိုကုမ္ပဏီတွင် MAPCOက ရှယ်ယာ တန်ဖိုး ကျပ် ၁ဘီလီယံကျော်တန်ဖိုးရှိသည့် အစုရှယ်ယာ တစ်သန်းကျော်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂကို ဗဟိုပြုထားတဲ့ လက်ရှိ နိုင်ငံတကာ ချိတ်ဆက်ဆောင်ရွက်မှု အခင်းအကျင်းကိုပဲ ဆက်လက် လေးစား အသိအမှတ် ပြုသွားမယ်လို့ တရုတ် သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာပဲရှိနေတာဖြစ်လို့ အာဆီယံနဲ့ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်ကောင်စီနဲ့ အပေါင်းအပါတွေကို နိုင်ငံတကာအရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ Justice For Myanmarက တိုက်တွန်းလိုက်ပါတယ်။