Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ YBS ယာဥ်လိုင်းများ နံပါတ်ပြောင်းလဲပြေးဆွဲမည့်အပေါ် ဝေဖန်နေ

“သူ့လိုင်းနံပါတ်တွေ ပြန်မှတ်နေရတာ တော်တော်အလုပ်ရှုပ်မှာပဲ တမင်ပြောင်း ပြစ်တာ။ ကွီးဖြိူးလက်ထက်က Bus နံပါတ်တွေဖြစ်နေလို့ကို သူတို့လက်ထက်မှာ ပြောင်းပစ်တာ” ဟု YBS စီးနင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ရန်ကုန်မြို့ရှိ YBSယာဥ်လိုင်းများကို နံပါတ်များပြောင်းလဲ၍ ဖေဖော်ဝါရီ ၁၂ ရက်တွင် စတင်ပြေးဆွဲမည့်အပေါ် ဝေဖန်မှုများ မြင့်တတ်နေသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ(YRTC) က ယာဥ်လိုင်းနံပါတ်တူ ဂိတ်စ၊ ဂိတ်ဆုံးမတူသော ယာဥ်လိုင်းများကို ဖေဖော်ဝါရီ ၁၂ ရက်မှ စတင်၍ ယာဥ်လိုင်းနံပါတ်အသစ်များဖြင့် ပြောင်းလဲပြေးဆွဲမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

အဆိုပါထုတ်ပြန်ချက်အပေါ် YBS စီးနင်းသူ ပြည်သူများက ဗေဒင်ယတြာများကို ယုံကြည်သည့် အာဏာသိမ်း စစ်ခေါင်းဆောင်၏ အစီအရင်ဖြစ်နိုင်သည်ဟုဆိုကာ ဝေဖန်နေသည်။

“သူ့လိုင်းနံပါတ်တွေ ပြန်မှတ်နေရတာ တော်တော်အလုပ်ရှုပ်မှာပဲ တမင်ပြောင်း ပြစ်တာ။ ကွီးဖြိူးလက်ထက်က Bus နံပါတ်တွေဖြစ်နေလို့ကို သူတို့လက်ထက်မှာ ပြောင်းပစ်တာ” ဟု YBS စီးနင်းသူ အမျိုးသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၁၂ ရက်တွင် ဂိတ်စ၊ ဂိတ်ဆုံးမတူသည့် ယာဥ်လိုင်း ၁၅ခုမှ အသစ်စတင်ပြေးဆွဲမည့် ယာဥ်လိုင်း ၂၂ ခုအထိရှိကြောင်း YRTC ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ခဏ၊ခဏ ပြောင်းနေရင် နံပါတ်တွေ တပ်မနေနဲ့တော့။ တစ်ခါပြောင်း တစ်ခါ မှတ်နေရတယ်။ ကားစီးပြီး သွားနေရပါတယ်ဆိုမှ တစ်ခါတည်း မလုပ်ဘူး။ ထပ်တလဲလဲ ပြောင်းလိုက်ချိန်းလိုက်နဲ့ အခု ဟာတွေက ဘာတွေဖြစ်နေလို့တုန်း။ ကားအစီးရေကြမတိုးပေးဘူး” ဟု YBS စီးနင်းသည့် အမျိုးသားတစ်ဦးက ပြောသည်။

ဂိတ်စ၊ဂိတ်ဆုံးမတူသော်လည်း နံပါတ်တူဖြင့် ပြေးဆွဲခြင်းသည် ပြည်သူများအခက်အခဲဖြစ်နိုင်သောကြောင့် ခရီးသွားများ အဆင်ပြေလွယ်ကူစွာသွားလာနိုင်ရန် ယင်းကဲ့သို့ နံပါတ်များပြောင်းလဲ ပြေးဆွဲပေးခြင်းဖြစ်ကြောင်း YRTC ၏ အတွင်းရေးမှုး ဦးလျန်ကျင့်မန်က ပြောကြားထားသည်။

အာဏာသိမ်းသည့်ကာလမှစတင်၍ အချို့ယာဥ်လိုင်းများမှာ သတ်မှတ်ထားသည့် နှုန်းထားထက် ပိုမိုကောက်ခံမှုများရှိနေပြီး YRTC မှ အရေးယူဆောင်ရွက်မှုပြုလုပ်သည်ဟုဆိုသော်လည်း လက်ရှိအချိန်အထိ ဈေးနှုန်းများကို တိုးမြှင့်ကောက်ခံနေဆဲဖြစ်သည်။

ရန်ကုန်မြို့တွင် နေ့စဥ် YBS ယာဥ်လိုင်း ၉၈ ခုမှ ကားအစီးရေ နှစ်ထောင်ကျော်ပြေးဆွဲနေပြီး တစ်ရက်လျှင် ခရီးသည် ငါးသိန်းကျော် စီးနင်းကြောင်း YRTC၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ရန်ကုန်မြို့၊ အလုံမြို့နယ်က ဆင်မင်းဈေးကားမှတ်တိုင်အနီးမှာ အသက်ကြီးပိုင်း အမျိုးသမီး ၁ဦး YBS-144 ယာဉ်တိုက်ပြီး သေဆုံးသွားတယ်လို့ အခင်းနေရာကို သွားရောက်ကူညီခဲ့တဲ့ ကြီးလေးကြီး လူမှူကူညီရေးအသင်းက အသိပေးထားပါတယ်။