ဒါရိုက်တာဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ ယနေ့ နံနက်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။
“ကိုဝိုင်း (ဒါရိုက်တာ ဝိုင်း)ကို ယခု နံနက်တွင်ပင် ပုဇွန်တောင်ရှိ သူ့နေ အိမ်တိုက်ခန်းမှ ဖမ်းဆီး သွားကြောင်းသိရ။ဒါရိုက်တာဝိုင်းမှာလွန်ခဲ့သော နှစ်အနည်းငယ်ကမှလေဖြန်းထားသူဖြစ်၍ ယခုလို ဖမ်းဆီးသွားခြင်းအတွက် သူ့ကျန်းမာရေးစိုးရိမ်စရာဖြစ်။ယခုအချိန်အထိလည်း သူ့ကျန်းမာရေး မှာအပြည့်အ၀ မကောင်းမွန်သေးကြောင်း ကြားရ” ဟု ဒါရိုက်တာ သွန်းနေစိုး၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
ဟန်ငြိမ်းဦး၏ တယ်လီဂရန်တွင် ဒါရိုက်တာဝိုင်းနေသောအိမ်နှင့်ပတ်သပ်၍ ရေးသားဖော်ပြပြီး နာရီဝက်အကြာတွင်စစ်ကားတစ်စီးနှင့် ရဲကားနှစ်စီးကလာ၍ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း ပြည်သူတစ်ဦးကပြောသည်။
ဒါရိုက်တာဝိုင်းကို ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ က နိုင်ငံ့ဝန် ထမ်းများကို CDM များလုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် မတရားပုဒ်မတပ်၍ အမှုဖွင့်ခံခဲ့ရသည်။