Connect with us

Hi, what are you looking for?

News

ဒါရိုက်တာဝိုင်းကို ပုဇွန်တောင်မြို့ နေအိမ်၌ ဖမ်းဆီးခံရ

ဟန်ငြိမ်းဦး၏ တယ်လီဂရန်တွင် ဒါရိုက်တာဝိုင်း​နေ​သောအိမ်နှင့်ပတ်သပ်၍ ​ရေးသား​ဖော်ပြပြီး နာရီဝက်အကြာတွင်စစ်ကားတစ်စီးနှင့် ရဲကားနှစ်စီးကလာ၍ဖမ်း​ခေါ်သွားခြင်းဖြစ်​ကြောင်း ပြည်သူတစ်ဦးက​ပြောသည်။

ဒါရိုက်တာဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ၎င်း၏နေအိမ်၌ ယနေ့ နံနက်တွင် အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။

“ကိုဝိုင်း (ဒါရိုက်တာ ဝိုင်း)ကို ယခု နံနက်တွင်ပင် ပုဇွန်တောင်ရှိ သူ့နေ အိမ်တိုက်ခန်းမှ ဖမ်းဆီး သွားကြောင်းသိရ။ဒါရိုက်တာဝိုင်းမှာလွန်ခဲ့သော နှစ်အနည်းငယ်ကမှလေဖြန်းထားသူဖြစ်၍ ယခုလို ဖမ်းဆီးသွားခြင်းအတွက် သူ့ကျန်းမာရေးစိုးရိမ်စရာဖြစ်။ယခုအချိန်အထိလည်း သူ့ကျန်းမာရေး မှာအပြည့်အ၀ မကောင်းမွန်သေးကြောင်း ကြားရ” ဟု ဒါရိုက်တာ သွန်းနေစိုး၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။

ဟန်ငြိမ်းဦး၏ တယ်လီဂရန်တွင် ဒါရိုက်တာဝိုင်း​နေ​သောအိမ်နှင့်ပတ်သပ်၍ ​ရေးသား​ဖော်ပြပြီး နာရီဝက်အကြာတွင်စစ်ကားတစ်စီးနှင့် ရဲကားနှစ်စီးကလာ၍ဖမ်း​ခေါ်သွားခြင်းဖြစ်​ကြောင်း ပြည်သူတစ်ဦးက​ပြောသည်။

ဒါရိုက်တာဝိုင်းကို ပြီးခဲ့သည့် နှစ် ဖေဖော်ဝါရီအတွင်း၌ အကြမ်းဖက် စစ်ကောင်စီ က နိုင်ငံ့ဝန် ထမ်းများကို CDM များလုပ်ဆောင်ရန် လှုံ့ဆော်ပေးသည်ဟုဆိုကာ ပုဒ်မ ၅၀၅-က ဖြင့် မတရားပုဒ်မတပ်၍ အမှုဖွင့်ခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။