Connect with us

Hi, what are you looking for?

မေးမြန်းခန်း

●ပုလဲမြို့နယ်က ရွာလုံးကျွတ်မီးရှို့ခံရတဲ့ပြည်သူ​တွေဘာ​တွေလိုအပ်​နေလဲ

စစ်ကိုင်းတိုင်းရှိမြို့နယ်အများစုသည် အကြမ်းဖက်စစ်​ကောင်စီကို ခုခံ​တော်လှန် ရာတွင်လက်သံ​ပြောင်လှသဖြင့် စစ်​ကောင်စီအထိ့နာခဲ့​သော​ဒေသဖြစ်သည်။

စစ်ဆင်​ရေးအမျိုးမျိုးလုပ်​သော်လည်း စစ်​ကောင်စီတပ်ပင်အထိ့နာ​နေသဖြင့် ယခု​နောက်ပိုင်းတွင်​လေယာဥ်များအသုံးပြုတိုက်ခိုက်ခြင်း၊​ပြည်သူများ​နေထိုင်ရာ​ကျေးရွာများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊အကြမ်းဖက် လုယက် သတ်ဖြတ်ခြင်း၊ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခြင်းစ​​သောအကြမ်းဖက်မှုများ ပိုမိုပြုလုပ်လာသည်။ ပုလဲမြို့နယ်တွင် တစ်ပတ်အတွင်း မင်းတိုင်ပင်၊အင်မထီး၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်းနှင့်လှော်ကားကြီး ရွာတို့မှ အိမ်ခြေ ၁,၀၀၀ ကျော် ကို အကြမ်း ဖက်စစ်တပ်က မီးရှို့ခဲ့ကာ ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေးနေရဆဲ ဖြစ်သည်။ယခုအချိန်ထိ အကြမ်းဖက်စစ်​ကောင်စီတပ်ဘေး အန္တရာယ်ကြောင့် ရွာအတွင်းမပြန်နိုင်သေးဘဲ မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားခဲ့ရသည့် ပုလဲမြို့နယ် ကိုင်းတွင်းကျေးရွာသူတစ်ဦးကို People’s Spring ( လူထုနွေဦး) သတင်းဌာနကမေးမြန်းထားသည်။

မေး- စစ်ဘေးရှောင်နေရတာ ဘယ်နှရက်ကြာပြီလဲ။

ဖြေ – ဇန်နဝါရီ ၃၁ ရက်ကတည်းက မွေ့တုံရွာကို စစ်ခွေးတပ်က မီးစရှို့ကတည်းကလို့ပဲ ပြောရမယ်။ မွေ့တုံနဲ့ ကျွန်မတို့ရွာနဲ့က နီးတယ်။အဲဒီတော့ တခါတည်းရှိသမျှ ပစ္စည်းတွေ ရသလောက်သယ်ပိုးပြီး ပြေးခဲ့ရတာ။အခု ရွာထဲကို လည်း မပြန်ရဲသေးဘူး။ရွာထဲ ပြန်ပြီး ရိက္ခာ ပြန်ယူပေးတဲ့ ရွာသားတစ်ချို့တော့ ရှိတယ်။တော်တော်များများကတော့ မပြန်ရဲသေးဘူး။အခုထိ တောထဲမှာပဲ။

မေး- စစ်တပ်ကကိုင်းတွင်းရွာကို ဘယ်ရက်မှာ မီးရှို့ခဲ့​တာလဲ။ပျက်စီးဆုံးရှုံးမှု အခြေအနေကရော။

Public Service Announcement

Public Service Announcement

ဖြေ – ဖေဖော်ဝါရီ ၄ ရက် ည ၆ နာရီခွဲ မှာ ရွာထဲကနေ မီးခိုးလုံး စတက်လာတယ်။ကျွန်မတို့ တော်တော်ကို စိတ်ထိခိုက်ခဲ့ရတယ်။ည ၉ နာရီ ခွဲ ၁၀ နာရီ လောက်မှာမှ မီးရပ်သွားတာ။ရွာမှာ အိမ်ခြေ ၂၂၀ ရှိတယ်။အခု ပျဥ်ထောင်အိမ်ကြီး အိမ်ကောင်းတွေ ရှိတဲ့နေရာတွေချည်း ရှို့ခံခဲ့ရတာ။စုစုပေါင်း ၁၀၅ လုံး က ပြာဖြစ်သွားပြီ။ဘာမှ ပြန်ကောက်လို့မရတော့ဘူး။မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အသက် ၈၀ ကျော် အဘွားသိန်းကတော့ မီးထဲပါပြီ ​သေသွားတယ်။

မေး- အခု လောလောဆယ် အမ အပါအဝင်ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့ရွာခံတွေအရေးတကြီးလိုအပ်နေတာဘာ​တွေပါလဲ။

ဖြေ – တချို့ကြတော့ လယ်အလုပ်မဟုတ်တဲ့အခါ စားဖို့ သောက်ဖို့ ဘာတစ်ခုမှ မရှိကြဘူး။ သူတို့အတွက်တော့ ဆန်၊ဆီတို့ လိုတာပေါ့။ကျွန်မတို့ မိသားစု အနေနဲ့ ပြောရရင်တော့စားတာက အရွက်ရှိ ပြုတ်ပြီး ထမင်း ကြမ်းနဲ့ ဖြစ်သလိုစားနေလို့ရတယ်။အခုက တောထဲလေ လေတဝူးဝူးနဲ့ အပင်အောက်တွေ ခိုနေရတာ။ညဘက်တွေနဲ့ မနက်စောစော ချမ်းတဲ့အခါ ခြုံစောင်တွေမလောက်ဘူး။
နောက်ပြီး တဲတွေကမရှိဘူး။ဖြစ်သလို ယာခင်း၊တောထဲ အိပ်နေကြရတာ။ဖြစ်နိုင်ရင် ခြုံစောင်တွေ အနွေးထည်လေးတွေရချင်တယ်။နောက်ပြီး အိမ်ပြန်ဆောက်ဖို့ ဝါးဖိုးလေးလောက်ရချင်တယ်။

မေး-အခု လာပြီး ထောက်ပံ့တဲ့အဖွဲ့တွေ ၊ ကူညီတဲ့သူတွေ ရှိလား။

ဖြေ – ဘယ်သူမှ မရှိပါဘူး။ရှိတာလေးတွေနဲ့ စားနေရကြရတာ။

မေး- ပြည်သူအပေါ် အဓိကထားပြီး အကြမ်း ဖက်နေတဲ့ စစ်​ကောင်စီတပ်နဲ့ပတ်သပ်ပြီးဘာ​ပြောချင်လဲ။

ဖြေ- မုန်းတယ်။ ရှုံ့ချတယ်။မြင်လဲ မမြင်ချင်ဘူး။သူတို့ဘဝ တွေလည်း ကျွမန်မတို့လို မကြုံပါစေနဲ့လို့ ဆုတောင်းပေးတယ်။

မေး – ဘာများထပ်ပြီး ပြောချင်​သေးလဲ။

ဖြေ – လက်ငုပ်လက်ရင်း အိမ်ဝိုင်းလေးပါမီးထဲပါသွားပြီး တောထဲ မှာ ခြေဗလာနဲ့ နေနေရတာ။အဖြစ်ချင်ဆုံးဆုပေးမယ်ဆိုရင်တော့ စစ်ခွေးတွေကို NUG အစိုးရအနေနဲ့
အမြန်ဆုံးရှင်းပေးစေချင်တယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။