Connect with us

Hi, what are you looking for?

News

က​လေးမြို့​တောင်ပိုင်းက ၃နာရီကြာတိုက်ပွဲ စစ်​ကောင်စီတပ်သားနှင့် ပျူ ၁၅ဦးထက်မနည်း​သေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူ‌စောထီး ၁၅ ဦး ထက်မနည်းကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း က​လေးPDF က ဆိုသည်။

▪️ပြည်သူ့ကာကွယ်​ရေးတပ်မှ ရဲ​ဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာတွင်တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များနှင့် ပျူစောထီးများအား ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ၁၅ ဦးထက်မနည်းသေဆုံးကြောင်း PDF (Kalay) က ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၁၀)နံနက် ၆ နာရီခွဲမှစတင်၍ PDF (Kalay) ၊ CDF (KKG) ၊ CDF (Hakha) ၊ RKDF နှင့် ပ.က.ဖ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီခန့်ကြာမြင့်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူ‌စောထီး ၁၅ ဦး ထက်မနည်းကျဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိသွားကြောင်း က​လေးPDF က ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဘက်မှ CDF (Hakha) ရဲဘော် တစ်ဦး အသက်ပေးဆပ်စွန့်လွှတ်ခဲ့ရပြီး အခြားရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာနှင့် ဟံသာဝတီရွာဘက်မှ စစ်ကားသုံးစီးဖြင့် စစ်ကောင်စီတပ်ဖွဲ့များ စစ်ကူအင်အားဖြည့်ရောက်ရှိလာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ ပြန် လည်ဆုတ်ခွာခဲ့သည်။

​ဖေ​ဖော်ဝါရီ ၇ ရက်ကလည်း ကလေးမြို့အတွင်း တိုက်ပွဲ ကြောင့် စစ်ကောင်စီတပ်သား ၁၇ ဦးသေဆုံးကာ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။