Connect with us

Hi, what are you looking for?

LuduNwayOo

News

CDF-KKG အဖွဲ့က PDFတပ်ဖွဲ့များနှင့်ပူးတွဲ၍ စစ်ကောင်စီအား တိုက်ခိုက်မည်

ချင်းပြည်သူ့ကာကွယ်ရေးဗဟိုတပ်(CDF) အနေဖြင့် ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းရှိ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Chinland Defense Force-Kalay Kabaw Gangaw (CDF-KKG) ကို ပြီးခဲ့သည့်ဇူလိုင် ၁ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ချင်းပြည်သူ့ကာကွယ်‌ရေးတပ် CDF-KKG အနေဖြင့် အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းထူထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့နှင့်ပူးတွဲ၍ အကြမ်းဖက်စစ်ကောင်စီအားခုခံတိုက်ခိုက်မှုပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ဗဟိုက ယမန်​နေ့တွင် ထုတ်ပြန်သည်။

CDF-KKG သည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူ့ လက်ဝယ်ပြန်လည်ထားရှိရေး၊ အရပ်သားအုပ်ချုပ်ကွပ်ကဲမှု(Civilian Supremacy) ဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။

ထို့အပြင် CDF-KKG သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှုကို ခံယူ၍ ချင်းအမျိုးသားတပ်မတော် (CNA)၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိ CDF တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲ၀င်သွားမည်အသိ​ပေးထားသည်။

ချင်းပြည်သူ့ကာကွယ်ရေးဗဟိုတပ်(CDF) အနေဖြင့် ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းရှိ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Chinland Defense Force-Kalay Kabaw Gangaw (CDF-KKG) ကို ပြီးခဲ့သည့်ဇူလိုင် ၁ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။