Connect with us

Hi, what are you looking for?

News

CDF-KKG အဖွဲ့က PDFတပ်ဖွဲ့များနှင့်ပူးတွဲ၍ စစ်ကောင်စီအား တိုက်ခိုက်မည်

ချင်းပြည်သူ့ကာကွယ်ရေးဗဟိုတပ်(CDF) အနေဖြင့် ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းရှိ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Chinland Defense Force-Kalay Kabaw Gangaw (CDF-KKG) ကို ပြီးခဲ့သည့်ဇူလိုင် ၁ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

ချင်းပြည်သူ့ကာကွယ်‌ရေးတပ် CDF-KKG အနေဖြင့် အမျိူးသားညီညွတ်ရေးအစိုးရ(NUG) ဖွဲ့စည်းထူထောင်ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့နှင့်ပူးတွဲ၍ အကြမ်းဖက်စစ်ကောင်စီအားခုခံတိုက်ခိုက်မှုပြုလုပ်မည်ဖြစ်ကြောင်း အဆိုပါအဖွဲ့ဗဟိုက ယမန်​နေ့တွင် ထုတ်ပြန်သည်။

CDF-KKG သည် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ နိုင်ငံတော်၏အချုပ်အခြာအာဏာကို ပြည်သူ့ လက်ဝယ်ပြန်လည်ထားရှိရေး၊ အရပ်သားအုပ်ချုပ်ကွပ်ကဲမှု(Civilian Supremacy) ဖော်ဆောင်ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အာမခံချက်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးအတွက် တိုက်ပွဲဝင်သွားမည်ဟု ဖော်ပြထားသည်။

ထို့အပြင် CDF-KKG သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ လမ်းညွှန်မှုကို ခံယူ၍ ချင်းအမျိုးသားတပ်မတော် (CNA)၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ဒေသအသီးသီးရှိ CDF တပ်ဖွဲ့များနှင့်အတူ တိုက်ပွဲ၀င်သွားမည်အသိ​ပေးထားသည်။

ချင်းပြည်သူ့ကာကွယ်ရေးဗဟိုတပ်(CDF) အနေဖြင့် ကလေး-ကဘော်-ဂန့်ဂေါဒေသအတွင်းရှိ တော်လှန်ရေးရဲဘော်ရဲဘက်များနှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် Chinland Defense Force-Kalay Kabaw Gangaw (CDF-KKG) ကို ပြီးခဲ့သည့်ဇူလိုင် ၁ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့