Connect with us

Hi, what are you looking for?

News

မိုးကုတ်မှာ ပစ်ခတ်မှုဖြစ်ပွားနေ

ပစ်ခတ်မှုတွေကြောင့် ဂွေးပင်ရွာအနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း မိုးကုတ် မြို့မှာရှိတဲ့ စစ်ကောင်စီတပ် လုံခြုံရေးဂိတ် ပတ်ဝန်းကျင်မှာ ဒီနေ့မနက်ပိုင်းကစတင်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မနက် ၅ နာရီလောက်ကစပြီး မိုးကုတ် ဂွေးပင် စစ်ကောင်စီဂိတ် နားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ကျောက်ပြဿဒ် ဘက်ခြမ်းထိ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဂွေးပင်ရွာအနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်နဲ့ ဘယ်အဖွဲ့တွေ ပစ်ခတ်မှု ဖြစ်လဲဆိုတာကိုတော့ စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုတွေကြောင့် မိုးကုတ် − မန္တလေး ကျောက်ဖားလမ်းပိုင်းကိုပိတ်ထားတယ်လို့သိရပါတယ်။

မိုးကုတ်မှာ ယခုအချိန်ထိ မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ မိုးကြီးပြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ နေအိမ် ၂၀ခန့်နဲ့ ဘုရားစောင်းတန်းထိခိုက်ပျက်စီးခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့မှာမိုးသည်းထန်စွာရွာပြီးမြေပြိုကျတာ​ကြောင့် လူနေအိမ်၂လုံး ထိခိုက်ပျက်စီးပြီး အမျိုးသားတဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။