Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးကုတ်မှာ ပစ်ခတ်မှုဖြစ်ပွားနေ

ပစ်ခတ်မှုတွေကြောင့် ဂွေးပင်ရွာအနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

People's Spring
People's Spring

မန္တလေးတိုင်း မိုးကုတ် မြို့မှာရှိတဲ့ စစ်ကောင်စီတပ် လုံခြုံရေးဂိတ် ပတ်ဝန်းကျင်မှာ ဒီနေ့မနက်ပိုင်းကစတင်ပြီး ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မနက် ၅ နာရီလောက်ကစပြီး မိုးကုတ် ဂွေးပင် စစ်ကောင်စီဂိတ် နားမှာ ပစ်ခတ်မှု ဖြစ်ခဲ့တာဖြစ်ပြီး ကျောက်ပြဿဒ် ဘက်ခြမ်းထိ ပစ်ခတ်သံတွေကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပစ်ခတ်မှုတွေကြောင့် ဂွေးပင်ရွာအနီးပတ်ဝန်းကျင်မှာနေထိုင်သူတွေ တိမ်းရှောင်နေရတယ်လို့သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်နဲ့ ဘယ်အဖွဲ့တွေ ပစ်ခတ်မှု ဖြစ်လဲဆိုတာကိုတော့ စုံစမ်းနေဆဲပါ။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုတွေကြောင့် မိုးကုတ် − မန္တလေး ကျောက်ဖားလမ်းပိုင်းကိုပိတ်ထားတယ်လို့သိရပါတယ်။

မိုးကုတ်မှာ ယခုအချိန်ထိ မိုဘိုင်းအင်တာနက်ဖြတ်တောက်ခံထားရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီထောက်တိုင်များလည်း ပြည်သူများအား ဆက်လက် ဖိအားပေးနေပါက အရေးယူဆောင်ရွက်သွားမည်ဟု ​ရွှေဘိုအားမာန် မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။

သတင်း

ကံငယ်အုပ်စုအုပ်ချုပ်ရေးမှူး မျိုးမြင့်သိန်းဆိုသူကို ၎င်းနေထိုင်ရာ သာလှပင်စီရွာရှိနေအိမ် ၌ ရေချိုးနေစဥ် မတ်လ ၁၇ရက် ညနေ ၆ နာရီခန့်တွင် PPDF တပ်ခွဲ(၄)မှ ရဲဘော်များက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဖေဖော်ဝါရီ ၂၂ ရက်ကလည်း နတ်မောက်နယ်၊ ကျော်ဆည်ရွာတွင် အင်အား ၃၀ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီတပ်ကို နတ်မောက် (ပကဖ)နှင့် ပူးပေါင်းတပ်များက သွားရောက်တိုက်ခိုက်ခဲ့သေးသည်။

သတင်း

ရာအိမ်မှူးအပြင် အခြားနောက်တစ်ဦးမှာလည်း ကျည် ၂ ချက် ထိမှန်ဒဏ်ရာရပြီးထွက်ပြေးသွားကာ ကျန်တစ်ဦးမှာအမျိုးသမီး စာ​ရေး ဖြစ်နေ၍ သတိပေးကာ အသက်ချမ်းသာပေးခဲ့ကြောင်းကိုချာလီ ကဆက်ပြောသည်။