Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၄ လ ကြာတဲ့ထိ ကိုဗစ် မပျောက်သေးတဲ့သူ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကိုဗစ်ရောဂါ စတင် ဖြစ်ပွားပြီး ကတည်းက ဆေးရုံကို တက်လိုက်ဆင်းလိုက် လုပ်နေရပေမယ့် ကာယာဆန်ကတော့ စိတ်ဓာတ် ကျမနေပါဘူး။ သူ့ရဲ့ ကိုဗစ်ရောဂါက အမဖြစ်နိုင်ပြီး သူ့ကို စွဲလမ်းနေတာ နေလိမ့်မယ်လို့ ကာယာဆန်က ခပ်နောက်နောက် ပြောပါတယ်။

တူရကီ နိုင်ငံသား တစ်ဦးဟာ ကိုဗစ်ရောဂါ ကူးစက် ခံရပြီး ၁၄ လ ကြာတဲ့ထိ ဆေးစစ်ရလဒ် Positive ထွက်နေဆဲလို့ သိရပါတယ်။

တူရကီ မီဒီယာတွေကတော့ မူဇက်ဖာ ကာယာဆန်ဟာ နိုင်ငံရဲ့ ကိုဗစ်ရောဂါ စံချိန်တင် အရှည်ကြာဆုံး စွဲကပ် ခံရတဲ့ လူသားလို့ ရည်ညွှန်း ဖော်ပြကြပါတယ်။ အသက် ၅၆ နှစ်အရွယ် ကာယာဆန်ဟာ သွေးကင်ဆာ ရောဂါသည် တစ်ဦးဖြစ်ပြီး ကိုဗစ်ရောဂါ စတင် စွဲကပ်လာချိန်မှာ သူ့ကိုယ်သူ သေရတော့မယ်လို့ တွေးလိုက်မိပါတယ်။ ကိုဗစ်ဟာ ကင်ဆာလိုမျိုး ပြင်းထန်တဲ့ နာတာရှည် ရောဂါသည်တွေကို ပိုပြီး အန္တရာယ် ပေးနိုင်တာကြောင့်ပါ။

ဒါပေမဲ့လည်း သူမသေခဲ့ပါဘူး။ သူမသေသလို ကိုဗစ်ရောဂါကလည်း အရှင်းမပျောက်ပါဘူး။ လွန်ခဲ့တဲ့ ၁၄ လအတွင်း ကာယာဆန်ဟာ ၇၈ ကြိမ်တိုင်တိုင် ဆေးစစ်ခဲ့ပြီး ဆေးစစ်တိုင်းလည်း ကိုဗစ် အဖြေက Positiveတွေချည်း ထွက်နေခဲ့ပါတယ်။

ဒီဖြစ်ရပ်ဟာ ဆေးပညာရပ်မှာ အတော်လေး နားလည်ရခက်ပြီး ရှားပါးလွန်းတဲ့ အခြေအနေမျိုးလို့ ဆရာဝန်တွေက ပြောပါတယ်။ တူရကီက ဆရာဝန်တွေကတော့ သွေးကင်ဆာ ရောဂါကြောင့် ကာယာဆန်ရဲ့ ကိုယ်ခံအား စနစ်က အားပျော့နေပြီး ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို အပြီးတိုင် မဖျက်ဆီးနိုင်၊ တစ်ဖက်မှာလည်း ဗိုင်းရပ်စ်က ဖျက်ဆီးအား ပြင်းထန်မလာတော့ဘဲ လူနာရဲ့ ခန္ဓာကိုယ်ထဲမှာပဲ ဆက်ပြီး ခိုအောင်းနေတာမျိုးလို့ တူရကီက ဆရာဝန်တွေ အနေနဲ့ ယူဆထားကြပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ကိုဗစ်ရောဂါ စတင် ဖြစ်ပွားပြီး ကတည်းက ဆေးရုံကို တက်လိုက်ဆင်းလိုက် လုပ်နေရပေမယ့် ကာယာဆန်ကတော့ စိတ်ဓာတ် ကျမနေပါဘူး။ သူ့ရဲ့ ကိုဗစ်ရောဂါက အမဖြစ်နိုင်ပြီး သူ့ကို စွဲလမ်းနေတာ နေလိမ့်မယ်လို့ ကာယာဆန်က ခပ်နောက်နောက် ပြောပါတယ်။

သူဟာ ဆေးရုံတက်ချိန် ၉ လလောက် ကြာညောင်းခဲ့သလို နောက်ထပ် ၅ လလောက်ကလည်း တခြားသူတွေနဲ့ အထိအတွေ့ မရှိအောင် ကိုယ်ပိုင် တိုက်ခန်းလေးထဲမှာပဲ နေနေရရှာပါတယ်။ သူ့ရဲ့ အချစ်ဆုံး မြေးမလေး အက်ဇ်ရာက အဖိုးဆီ မကြာခဏ သွားလည်ပေမယ့် မှန်တံတိုင်းတစ်ခု ခြားပြီးပဲ စကားပြောကြရပါတယ်။

သူနေကောင်းလာတာနဲ့ အတူတူ ကစားကြမယ်လို့ ကာယာဆန်က အက်ဇ်ရာကို ကတိပေးလေ့ ရှိပါတယ်။ နယူးအင်္ဂလန် ဆေးပညာ ဂျာနယ်က နာတာရှည် ပြင်းထန် ရောဂါသည်တွေဟာ ကိုဗစ်ရဲ့ဒဏ်ကို သာမန်ထက် ပိုကြာအောင် ခံစားရတတ်ကြောင်း ဖော်ပြထားပါတယ်။ ဒါပေမဲ့ ကာယာဆန်လောက် အချိန်ကြာကြာ ရောဂါ စွဲကပ်နေသူမျိုးကတော့ မရှိသလောက် ရှားနိုင်ပါတယ်။ နောက်ထပ် လေ့လာမှုတွေအရ သွေးကင်ဆာ ရောဂါသည်တွေမှာ ကာကွယ်ဆေး နှစ်ကြိမ် ထိုးပြီးရင်တောင်မှ ကိုယ်ခံအား Antibody လှုံ့ဆော်မှု အရမ်းအားနည်းနေဆဲ ဖြစ်နိုင်ကြောင်းလည်း သိရှိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တူရကီမှာ ၂ ရက်အတွင်း ဒုတိယမြောက် စာသင်ကျောင်း ပစ်ခတ်မှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ၉ ဦးသေ၊ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းဒေသက စစ်ပွဲကာလအတွင်း အီရန်ဖက်က ပစ်ခတ်လိုက်တဲ့ စတုတ္ထမြောက် ဒုံးကျည်တစ်စင်းကို ကြားဖြတ် ပစ်ချခဲ့ရကြောင်း တူရကီက ပြောပါတယ်။

နိုင်ငံတကာ

ခရစ္စမတ်နဲ့ နှစ်သစ်ကူး ကာလတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ ကြံစည်ထားသူ ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း တူရကီ အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတကာ

ယူကရိန်း ဆိပ်ကမ်းတစ်ခုကို ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် တူရကီ ကူးတို့ရေယာဉ်ကြီးတစ်စီး အကြီးအကျယ် မီးလောင် ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။