Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်သားတွေ ဖာပွန်ကထွက်ခွာ

တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖို့KNLA တပ်မဟာ ၅ က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဖာပွန်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ အရပ်သားတွေ မြိုကနေထွက်ခွာနေကြပြီဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ ၁၀ ရက်အတွင်းဖာပွန်ကနေထွက်ခွာပေးဖို့ ဇန်နဝါရီ ၂၉ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်ကြေငြာခဲ့တာပါ။

အခုဆိုရင် ရလမ်းကရော ဖာပွန်-ဘီးလင်းလမ်းကရော ပြန်နေကြတာဖြစ်ပြီး မြို့ပေါ်မှာ စစ်တပ်နဲ့ ဒေသခံအချို့ပဲ ကျန်တော့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖို့KNLA တပ်မဟာ ၅ က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တို့အကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေပြီး စစ်ရေးအခြေအနေကြောင့် ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းနဲ့ ဖာပွန်-ဘီးလင်း ကားလမ်းကိုပိတ်ထားခဲ့ရပြီး ခရီးသွားလာမှုအနေနဲ့ ရေလမ်းခရီးတစ်ခုတည်းကိုသာ အသုံးပြုနေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။