Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ အရပ်သားတွေ ဖာပွန်ကထွက်ခွာ

တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖို့KNLA တပ်မဟာ ၅ က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

ဖာပွန်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေနဲ့ အရပ်သားတွေ မြိုကနေထွက်ခွာနေကြပြီဖြစ်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအနေနဲ့ ၁၀ ရက်အတွင်းဖာပွန်ကနေထွက်ခွာပေးဖို့ ဇန်နဝါရီ ၂၉ ရက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က အသိပေးထုတ်ပြန်ကြေငြာခဲ့တာပါ။

အခုဆိုရင် ရလမ်းကရော ဖာပွန်-ဘီးလင်းလမ်းကရော ပြန်နေကြတာဖြစ်ပြီး မြို့ပေါ်မှာ စစ်တပ်နဲ့ ဒေသခံအချို့ပဲ ကျန်တော့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တပ်မဟာ ၅ နယ်မြေထဲမှာ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ဖို့KNLA တပ်မဟာ ၅ က ထုတ်ပြန်ခဲ့တာဖြစ်ပြီး မလိုက်နာပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖာပွန်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ တို့အကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေပြီး စစ်ရေးအခြေအနေကြောင့် ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းနဲ့ ဖာပွန်-ဘီးလင်း ကားလမ်းကိုပိတ်ထားခဲ့ရပြီး ခရီးသွားလာမှုအနေနဲ့ ရေလမ်းခရီးတစ်ခုတည်းကိုသာ အသုံးပြုနေရတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။

Facebook