Connect with us

Hi, what are you looking for?

News

မိုးဗြဲမြို့တိုက်ပွဲ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိဟု PDF ထုတ်ပြန်

ယမန်နေ့ (ဖေဖော်ဝါရီ၁၅) နံနက်ပိုင်းတွင် မိုးဗြဲမြို့သို့ တင့်ကားအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KNDF BO-3၊ KGZ အဖွဲ့တို့ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

▪️တိုက်ပွဲဆက်ပြင်းထန်နိုင်၍ ပြည်သူများလုံခြုံရာပြောင်းရွေ့ရန်နှင့် ရပ်ဝေးပြည်သူများဖြတ်သန်းသွားလာခြင်းမပြုရန် တိုက်တွန်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့၌ ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေတပ်(MBPDF)က ထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ၁၅) နံနက်ပိုင်းတွင် မိုးဗြဲမြို့သို့ တင့်ကားအပါအဝင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို မိုးဗြဲ PDF၊ လွိုင်ကော် PDF၊ ဒီးမော့ဆို PDF၊ KNDF BO-3၊ KGZ အဖွဲ့တို့ပူးပေါင်းပြီး စောင့်ကြိုတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်​ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် မိုးဗြဲမြို့ရှိ ​နေအိမ်တစ်လုံး မီး​လောင်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – PKPF)

ထို့ပြင် စစ်ကောင်စီတပ် ကင်းပုန်းဝပ်သည့် နေရာများကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ညနေ ၄နာရီခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိတွေ့မှုအချိန်အတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိပြီး အရေအတွက်ကို အတိအကျမသိရကြောင်း၊ ညအချိန်ထိ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်နေကြောင်း ထုတ်ပြန်သည်။

Public Service Announcement

ယနေ့ တိုက်ပွဲတွင် ပြည်သူတပ်သားများဘက်မှ ရဲဘော် နှစ်ဦး အသေးစားဒဏ်ရာ ရရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မိုးဗြဲမြို့၊ စည်းကား(၃)ရပ်ကွက်ရှိ ပြည်သူ့နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှု​ကြောင့် မိုးဗြဲမြို့ရှိ ​နေအိမ်တစ်လုံး မီး​လောင်​နေသည်ကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – PKPF)

အကြမ်းဖက်စစ်တပ်သည် မိုးဗြဲနယ် နေရာအတော်များများတွင် တပ်စွဲလျက်ရှိပြီး ‌လာမည့်ရက်များတွင် အပြင်းအထန် ထိုးစစ်ဆင်လာနိုင်သောကြောင့် တိုက်ပွဲ ပြင်းထန်နိုင်ကြောင်း၊ထို့ကြောင့် မိုးဗြဲမြို့ပေါ်ရှိ ပြည်သူများလုံခြုံဘေးကင်းသည့် နေရာများသို့ အမြန်ဆုံးပြောင်းရွေ့နေထိုင်ကြပါရန် တိုက်တွန်းကြောင်း မိုးဗြဲ PDFက ထုတ်ပြန်သည်။

ထို့အပြင် ရပ်ဝေးမှ ပြည်သူများအနေဖြင့် မိုးဗြဲနှင့်ထိစပ်နေသော လမ်းများကို သွားလာခြင်းမပြုရန် အသိပေးထားပြီး မိုးဗြဲ PDFကို ထောက်ပံ့ဝန်းရံပေးရန် တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။