Connect with us

Hi, what are you looking for?

News

ပူတာအိုရှိ စစ်ကောင်စီတပ်စခန်းတစ်ခုသိမ်းပိုက်နိုင်ရန် နှစ်ရက်ဆက် တိုက်ခိုက်လျက်ရှိဟု KIA အတည်ပြု

ယခု ရှိန်ဂတ်ဘွမ်တပ်စခန်းသည် ဖေဖော်ဝါရီ ၁ရက်က KIAနှင့် PDF ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်မီးရှို့ခဲ့သည့် စစ်ကောင်စီ၏ ဆွမ်ပီယန် တပ်စခန်းနှင့် အနည်းငယ်ကွာဝေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA တပ်စခန်းဟောင်းနေရာကို ပြန်ရအောင်တိုက်ခိုက်နေခြင်းဟုဆို

ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ဒေသရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း တစ်ခုကို ယမန်နေ့မှစ၍ နှစ်ရက်ဆက် တိုက်ခိုက်လျက်ရှိကြောင်း ကချင်လွတ်လပ်ရေး တပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ရှိန်ဂတ်ဘွမ်အမည်ရှိ တောင်ကုန်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်း၍ သွားရောက်တိုက်ခိုက်နေခြင်း ဖြစ်သည်။

“မနေ့က ညနေပိုင်းက ဆွမ်ပီယန် အရှေ့ဘက်အခြမ်းမှာ ကျွန်တော်တို့ ကချင် အခေါ်အဝေါ်နဲ့က ရှိန်ဂတ်ဘွမ် လို့ခေါ်တယ်။ အဲဒီစစ်တပ်ရဲ့ တပ်စခန်းတွေ အဲဒီနားမှာ တိုက်ပွဲဖြစ်တာရှိပါတယ်။ မနေ့ကဖြစ်တယ်။ ဒီမနက်ဖြစ်တယ် အခုလည်း သူတို့ အချင်းချင်း ဝိုင်းနေတဲ့ အနေအထားဖြစ်ပါတယ်။ မြေပြင်သတင်း ပြည့်ပြည့်စုံစုံကတော့ သူတို့ဆီက ပို့လာတာမရှိသေးပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ကချင်သတင်းဌာန Kachinwaves ၏ တိုက်ပွဲသတင်းတွင် ရှိန်ဂတ်ဘွမ်တိုက်ပွဲ၌ ယနေ့ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ယမန်နေ့က သုံးဦးသေဆုံးကြောင်း ဖော်ပြထားသည်။

ယခု ရှိန်ဂတ်ဘွမ်တပ်စခန်းသည် ဖေဖော်ဝါရီ ၁ရက်က KIAနှင့် PDF ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်မီးရှို့ခဲ့သည့် စစ်ကောင်စီ၏ ဆွမ်ပီယန် တပ်စခန်းနှင့် အနည်းငယ်ကွာဝေးကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အရင် ဖေဖော်ဝါရီ ၁ရက်နေ့က တိုက်တာက ဆွမ်ပီယန်ရွာကနဲ့ နည်းနည်းဝေးတဲ့နေရာက တပ်စခန်းတစ်ခုဖြစ်ပါတယ်။ အခုပြန်တိုက်တာကတော့ ရွာကနေ ဒီထက်ပိုပြီးမှ ဝေးတာပေါ့။ အဲဒီနေရာမှာ တောင်တစ်တောင်မှာရှိနေတဲ့ တပ်စခန်းဖြစ်ပါတယ်။ အဲဒီ တပ်စခန်းကတော့ အရင်တုန်းက ကျွန်တော်တို့ KIOတွေထိုင်တဲ့ တပ်စခန်းဖြစ်ပါတယ်။ သူတို့က တိုက်ခိုက်လာ လို့ ကျွန်တော်တို့ စွန့်လွှတ်သွားတဲ့ တပ်စခန်းဖြစ်ပါတယ်။ အဲဒီနေရာမှာ ကျွန်တော်တို့ က ပြန်တိုက်တာဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

KIAနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့သည် မံစီမြို့နယ်နှင့် မိုးမောက် မြို့နယ်တို့၌လည်း ယခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။