Connect with us

Hi, what are you looking for?

News

ပါရီတွင် ယနေ့ကျင်းပမည့် အင်ဒို-ပစိဖိတ်ဖိုရမ်သို့ ​အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်မပြု

G7-ASEAN ဝန်ကြီးများအစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ အထက်ပါဖိုရမ်တွင် မြန်မာအာဏာပိုင်များ၏ ပါဝင်မှုကိုပြင်သစ်နှင့် ဥရောပသမဂ္ဂက ဆန္ဒမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပါရီမြို့၌ ယနေ့ကျင်းပမည့် အင်ဒို-ပစိဖိတ်ဒေသ ပထမအကြိမ်ဝန်ကြီးများပူးပေါင်းဆောင်ရွက်ရေးဖိုရမ်တွင် ​အကြမ်းဖက်စစ်ကောင်စီကို တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ပြင်သစ်သံရုံးက ထုတ်ပြန်သည်။

G7-ASEAN ဝန်ကြီးများအစည်းအဝေးဆုံးဖြတ်ချက်နှင့်အညီ အထက်ပါဖိုရမ်တွင် မြန်မာအာဏာပိုင်များ၏ ပါဝင်မှုကိုပြင်သစ်နှင့် ဥရောပသမဂ္ဂက ဆန္ဒမရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ယင်းဖိုရမ်တွင် မိတ်ဖက်နိုင်ငံပေါင်း ၃၀နှင့် ဒေသတွင်းအဖွဲ့အစည်း ၆ ခုမှ နိုင်ငံခြားရေး၀န်ကြီးများသည် ဆက်သွယ်ချိတ်ဆက်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာများ၊ ကမ္ဘာ့ပြဿနာများ (ရာသီဥတု၊ ဇီဝမျိုးစုံမျိုးကွဲများ၊ သမုဒ္ဒရာ များ၊ ကျန်းမာရေး) သာမက လုံခြုံရေးနှင့်ကာကွယ်ရေးတို့ကိုပါ ဆွေးနွေးမည်ဖြစ်သည်။

မြန်မာ့အကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့် နည်းလမ်းကို ရှာဖွေရန် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို အပြည့်အဝ ထောက်ခံကြောင်း ပြင်သစ်က ထပ်လောင်း ပြောကြားသည်။

Public Service Announcement

Public Service Announcement

ထိုသို့ဖြေရှင်းနိုင်ရန်အတွက် ဖနွမ်းပင်တွင် ကျင်းပခဲ့သော အစည်းအဝေး၌ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ တောင်းဆိုခဲ့သည့်အတိုင်း အထူးသဖြင့် သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲတစ်ရပ်ကိုစီစဉ် ကျင်းပရန်လိုအပ်ကြောင်း ပြင်သစ်က တိုက်တွန်းသည်။

ထို့အပြင် အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာတွင် မြန်မာစစ်တပ်က ပိုမိုသာလွန်သောအင်အားကိုတိုးမြင့်သုံးစွဲပြီး အရပ်သား များအပေါ် မမျှမတ နှိမ်နင်းခြင်း၊ လိုအပ်နေသည့် ထိခိုက်လွယ်သူများထံသို့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရာတွင် ထပ်ခါတလဲလဲ အတားအဆီး အခက်အခဲများကြုံတွေ့ရခြင်း၊ မတရားဖမ်းဆီးမှု များပြားလာခြင်း နှင့် စစ်ခုံရုံးများက များပြားသောသေဒဏ်စီရင်ချက်များ ချမှတ်ထားခြင်းတို့အပေါ် ပြင်သစ်က လေးလေးနက်နက် စိုးရိမ် ပူပန်နေဆဲဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါ လုပ်ရပ်များသည် အာဆီယံက ၂၀၂၁ ဧပြီတွင် သဘောတူထားခဲ့သည့် အချက် ငါးချက် နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်ဟုလည်း ဆက်လက်ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။