Connect with us

Hi, what are you looking for?

News

ပြန်လည်စုရုံး နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုတွင် မုံရွာထောင်မှ အကျဉ်းသားများ ပူးပေါင်းပါဝင်

နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရခြင်း၏ ရည်ရွယ်ချက်မှာ “စစ်အာဏာရှင်ကို ရောက်ရာအရပ်မှ ဆန့်ကျင်သပိတ်မှောက်ကြတာပဲဖြစ်တယ်၊ အပြင်ကပြည်သူတွေနဲ့ တစ်သားတည်းရှိနေကြောင်း ပြသခြင်းဖြစ်တယ်” ဟု သိရှိရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ပြန်လည်စုရုံးနှစ်ခြောက်လုံး စစ်အာဏာရှင်ဆန့်ကျင်​ရေးလူထုလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်အတူ မုံရွာအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

အကျဥ်းသားများသည် သနပ်ခါးပါးကွက်ကြားလိမ်းခြင်း၊ သနပ်ခါးဖြင့် လက်သုံးချောင်းပုံရေးဆွဲခြင်း၊ သနပ်ခါးဖြင့် CRPH၊ NUG ၊PDF အစရှိသောစကားလုံးများ ရေးသားပုံဖော်ခြင်း၊ တရားရုံးထုတ်ရာတွင် သနပ်ခါးလိမ်းသွားခြင်း စသည်တို့ဖြင့် ပူးပေါင်းပါဝင်ခဲ့သည်ဟု​ဖေ​ဖော်ဝါရီ ၂၂ ညတွင်သတင်းထုတ်ပြန်သည်။

နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရခြင်း၏ ရည်ရွယ်ချက်မှာ “စစ်အာဏာရှင်ကို ရောက်ရာအရပ်မှ ဆန့်ကျင်သပိတ်မှောက်ကြတာပဲဖြစ်တယ်၊ အပြင်ကပြည်သူတွေနဲ့ တစ်သားတည်းရှိနေကြောင်း ပြသခြင်းဖြစ်တယ်” ဟု သိရှိရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မုံရွာအကျဉ်းထောင်သည် အကျဉ်းသားဦးရေ ၁၀၀၀ ခန့်ရှိပြီး ထက်ဝက်ကျော်သည် အကြမ်းဖက်စစ်​ကောင်စီမှ မတရားသဖြင့်ဖမ်းဆီးခံထားရ​သော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၂ရက် (၂၂.၂.၂၀၂၂) တွင် နှစ်ခြောက်လုံး အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းဒေသအသီးသီးရှိ ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် စည်ကားသပိတ်ဆင်နွှဲခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ အာဇာနည်​နေ့က ၁မိနစ်ငြိမ်လို့ဆိုပြီး နိုင်ငံရေးအကျဥ်းသားတွေကို စစ်တပ်က ခေါ်ထုတ်သွားကြောင်း နွေဦးနိုင်ငံရေးအကျဥ်းသားများ အစည်းအရုံးရဲ့ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ကိုအောင်သူရဇော် ကြိုးပေးခံရမှု (၄) နှစ်ပြည့်အဖြစ် လူထုသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၃) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ထိုင်း -မြန်မာနယ်စပ်မြို့၊ဘုရားသုံးဆူဒေသမှာတည်ရှိတဲ့ကရင်အမျိုး သားအစည်းအရုံး(KNU) ရဲ့အကျဉ်းထောင်ကနေပြီးခဲ့တဲ့ရက်ပိုင်း ဇူလိုင် လ ၁ ရက်ကအကျဉ်းသားခြောက်ဦးအကျဉ်းထောင်လုံခြုံရေးအစောင့်တွေဆီကနေလက်နက်တွေလုယူပြီးထွက်ပြေးသွားကြတယ်လို့ KNU တပ်မဟာ(၆)နဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ဆီကသိရပါတယ်။