Connect with us

Hi, what are you looking for?

News

ပြန်လည်စုရုံး နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုတွင် မုံရွာထောင်မှ အကျဉ်းသားများ ပူးပေါင်းပါဝင်

နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရခြင်း၏ ရည်ရွယ်ချက်မှာ “စစ်အာဏာရှင်ကို ရောက်ရာအရပ်မှ ဆန့်ကျင်သပိတ်မှောက်ကြတာပဲဖြစ်တယ်၊ အပြင်ကပြည်သူတွေနဲ့ တစ်သားတည်းရှိနေကြောင်း ပြသခြင်းဖြစ်တယ်” ဟု သိရှိရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ပြန်လည်စုရုံးနှစ်ခြောက်လုံး စစ်အာဏာရှင်ဆန့်ကျင်​ရေးလူထုလှုပ်ရှားမှုတွင် တစ်နိုင်ငံလုံးရှိ ပြည်သူများနှင့်အတူ မုံရွာအကျဉ်းထောင်အတွင်းမှ အကျဉ်းသားများလည်း ပူးပေါင်းပါဝင်ခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

အကျဥ်းသားများသည် သနပ်ခါးပါးကွက်ကြားလိမ်းခြင်း၊ သနပ်ခါးဖြင့် လက်သုံးချောင်းပုံရေးဆွဲခြင်း၊ သနပ်ခါးဖြင့် CRPH၊ NUG ၊PDF အစရှိသောစကားလုံးများ ရေးသားပုံဖော်ခြင်း၊ တရားရုံးထုတ်ရာတွင် သနပ်ခါးလိမ်းသွားခြင်း စသည်တို့ဖြင့် ပူးပေါင်းပါဝင်ခဲ့သည်ဟု​ဖေ​ဖော်ဝါရီ ၂၂ ညတွင်သတင်းထုတ်ပြန်သည်။

နှစ်ခြောက်လုံး လူထုလှုပ်ရှားမှုတွင် ပူးပေါင်းပါဝင်ရခြင်း၏ ရည်ရွယ်ချက်မှာ “စစ်အာဏာရှင်ကို ရောက်ရာအရပ်မှ ဆန့်ကျင်သပိတ်မှောက်ကြတာပဲဖြစ်တယ်၊ အပြင်ကပြည်သူတွေနဲ့ တစ်သားတည်းရှိနေကြောင်း ပြသခြင်းဖြစ်တယ်” ဟု သိရှိရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

မုံရွာအကျဉ်းထောင်သည် အကျဉ်းသားဦးရေ ၁၀၀၀ ခန့်ရှိပြီး ထက်ဝက်ကျော်သည် အကြမ်းဖက်စစ်​ကောင်စီမှ မတရားသဖြင့်ဖမ်းဆီးခံထားရ​သော နိုင်ငံရေးအကျဉ်းသားများဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၂ရက် (၂၂.၂.၂၀၂၂) တွင် နှစ်ခြောက်လုံး အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းဒေသအသီးသီးရှိ ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်ကို ဆန့်ကျင်သည့် စည်ကားသပိတ်ဆင်နွှဲခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက ယနေ့ အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးရာတွင် နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါးပြီး အချို့အကျဉ်းထောင်များ၌ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများ လုံးဝမပါကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ထုတ်ပြန်သည်။

သတင်း

ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ) မှာ စစ်ကောင်စီက နိုင်ငံတဝန်း အကျဉ်းထောင်တွေနဲ့ အချုပ်ထောင်တွေက အကျဉ်းသူ၊ အကျဉ်းသား ၄,၈၉၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်တယ်လို့ ကြေညာပါတယ်။

သတင်း

စစ်ကောင်စီက အကျဉ်းသား၊အကျဉ်းသူ ၄၈၉၃ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား ၁၃ဦးတို့ကို လွတ်ငြိမ်းခွင့်ပေးကြောင်း ယနေ့(ဧပြီ ၁၇ရက်) တွင် ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းနှင့် ဗန်းမော်အကျဥ်းထောင်များရှိ အကျဉ်းသားများ၊ ပြစ်ဒဏ်ကျ စစ်သားနှင့်ရဲများအား စစ်ကောင်စီက လက်နက်ကိုင်ခိုင်းပြီး တိုက်ပွဲများတွင် အသုံးပြုနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ယနေ့ မတ်လ ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။