Connect with us

Hi, what are you looking for?

News

ကင်းတပ်ဆည်အနီးတိုက်ပွဲ စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှုများနိုင်ဟု TRF​ပြော

မိုင်းဆွဲခံရပြီး အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့ တိုက်ခိုက်ခံရသော နေရာဝန်းကျင်အား လက်နက်ကြီးများ အသုံးပြုနေသောကြောင့် ဒေသခံများထွက်ပြေး နေရသည်ဟုလည်း သိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူ -တန့်ဆည်မြို့နယ်အစပ် ကင်းတပ်ဆည်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Taze Revolution Force – TRFက ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၃) နေ့လယ်၂ နာရီခန့်က အင်အား ၁၀၀ကျော်ပါ အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု TRFက ဆိုသည်။

“ကန့်ဘလူ -တန့်ဆည်နယ်စပ် ကင်းတပ်ဆည်အနီး ရောက်နေသော စစ်ခွေးများကို TRFမှ မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းကွင်းအလယ် လာရောက်နေသော မအလကျွန်များအကျအဆုံးများနိုင်သည်ဟု သိရှိရပြီး စခများမှ လက်နက်ကြီးများဖြင့် ရမ်းထုနေကြောင်း သိရပါတယ်”ဟု TRFက အသိပေးသည်။

မိုင်းဆွဲခံရပြီး အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့ တိုက်ခိုက်ခံရသော နေရာဝန်းကျင်အား လက်နက်ကြီးများ အသုံးပြုနေသောကြောင့် ဒေသခံများထွက်ပြေး နေရသည်ဟုလည်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ၁၁နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာမှ ထွက်ခွာလာပြီး တန့်ဆည်မြို့နယ်ဘက်သို့ ဦးတည်လာခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook