Connect with us

Hi, what are you looking for?

LuduNwayOo

News

ကင်းတပ်ဆည်အနီးတိုက်ပွဲ စစ်​ကောင်စီတပ် ထိခိုက်​သေဆုံးမှုများနိုင်ဟု TRF​ပြော

မိုင်းဆွဲခံရပြီး အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့ တိုက်ခိုက်ခံရသော နေရာဝန်းကျင်အား လက်နက်ကြီးများ အသုံးပြုနေသောကြောင့် ဒေသခံများထွက်ပြေး နေရသည်ဟုလည်း သိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူ -တန့်ဆည်မြို့နယ်အစပ် ကင်းတပ်ဆည်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း Taze Revolution Force – TRFက ထုတ်ပြန်သည်။

ယနေ့(ဖေဖော်ဝါရီ ၂၃) နေ့လယ်၂ နာရီခန့်က အင်အား ၁၀၀ကျော်ပါ အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု TRFက ဆိုသည်။

“ကန့်ဘလူ -တန့်ဆည်နယ်စပ် ကင်းတပ်ဆည်အနီး ရောက်နေသော စစ်ခွေးများကို TRFမှ မိုင်းဆွဲတိုက်ခိုက်ရာ မိုင်းကွင်းအလယ် လာရောက်နေသော မအလကျွန်များအကျအဆုံးများနိုင်သည်ဟု သိရှိရပြီး စခများမှ လက်နက်ကြီးများဖြင့် ရမ်းထုနေကြောင်း သိရပါတယ်”ဟု TRFက အသိပေးသည်။

မိုင်းဆွဲခံရပြီး အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းသည် ၎င်းတို့ တိုက်ခိုက်ခံရသော နေရာဝန်းကျင်အား လက်နက်ကြီးများ အသုံးပြုနေသောကြောင့် ဒေသခံများထွက်ပြေး နေရသည်ဟုလည်း သိရသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ယနေ့ နံနက် ၁၁နာရီခန့်တွင် ကန့်ဘလူမြို့နယ်၊ မှော်တော်ရွာမှ ထွက်ခွာလာပြီး တန့်ဆည်မြို့နယ်ဘက်သို့ ဦးတည်လာခဲ့ခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။