Connect with us

Hi, what are you looking for?

News

မတူပီရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး G-3 ​သေနတ်၊ ကျည်ဆံတို့နှင့်အတူ CDF (မတူပီ)ထံ ခိုလှုံ

စစ်တပ်အာဏာသိမ်းထားသည့်နေ့မှစတင်ပြီး ၂၀၂၂ဖေဖော်ဝါရီလလယ်ပိုင်းအထိ CDF(မတူပီ)ထံခိုလှုံလာသူ စစ်သားနှင့် ရဲတပ်သား ၁၁ ဦးရှိပြီဖြစ်သည်။

(ပြည်သူ့ရင်ခွင်ခိုလှုံလာသော နယ်ထိန်းရဲထက်​ဝေ​ဇော်)

ချင်းပြည်နယ်၊ မတူပီ ရဲစခန်းမှာ တပ်သားအဆင့် နယ်ထိန်းတစ်ဦးက လက်နက်နှင့်အတူ ယနေ့(ဖေဖော်ဝါရီ ၂၃)ရက်က CDF(မတူပီ)ခိုလှုံလာသည်။

အဆိုပါနယ်ထိန်းသည် ထက်ဝေဇော် (ကိုယ်ပိုင်နံပါတ်လ -၂၇၆၃၀၉ ) သည် G3 သေနတ် တစ်လက် ၊ ကျည်ဆန်အချို့တို့နှင့်အတူ CDF(မတူပီ)ထံ ခိုလှုံလာခြင်းဖြစ်သည်။

ခိုလှုံလာသည့် ရဲတပ်သားကို ချင်းပြည်ကာကွယ်ရေးတပ်များက နွေးထွေးစွာကြိုဆိုပြီး ဂုဏ်ပြုချီးမြှင့်ငွေများလည်းပေးကာ လုံခြုံစိတ်ချရသည့်နေရာတွင်ခိုလှုံခွင့်ပေးထားသည်ဟု CDFနှင့်နီးစပ်သူတစ်ဦးကပြောသည်။

အလားတူ ဇန်နဝါရီ ၂၆ ရက်ကလည်း မတူပီ အခြေစိုက် ခြေမြန်တပ်ရင်း ၅၂၁ မှ တပ်ကြီးကြီးနှင့် ဒုတပ်ကြပ်နှစ်ဦးလည်း သေနတ်နှစ်လက်၊လက်ပစ်ဗုံးနှစ်လုံးနှင့် နင်းမိုင်းများနှင့်အတူ ဒေသခံကာကွယ်ရေးတပ်များထံခိုလှုံလာခဲ့သေးသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းထားသည့်နေ့မှစတင်ပြီး ၂၀၂၂ဖေဖော်ဝါရီလလယ်ပိုင်းအထိ CDF(မတူပီ)ထံခိုလှုံလာသူ စစ်သားနှင့် ရဲတပ်သား ၁၁ ဦးရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။