Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီရဲစခန်းမှ နယ်ထိန်းရဲတစ်ဦး G-3 ​သေနတ်၊ ကျည်ဆံတို့နှင့်အတူ CDF (မတူပီ)ထံ ခိုလှုံ

စစ်တပ်အာဏာသိမ်းထားသည့်နေ့မှစတင်ပြီး ၂၀၂၂ဖေဖော်ဝါရီလလယ်ပိုင်းအထိ CDF(မတူပီ)ထံခိုလှုံလာသူ စစ်သားနှင့် ရဲတပ်သား ၁၁ ဦးရှိပြီဖြစ်သည်။

(ပြည်သူ့ရင်ခွင်ခိုလှုံလာသော နယ်ထိန်းရဲထက်​ဝေ​ဇော်)

ချင်းပြည်နယ်၊ မတူပီ ရဲစခန်းမှာ တပ်သားအဆင့် နယ်ထိန်းတစ်ဦးက လက်နက်နှင့်အတူ ယနေ့(ဖေဖော်ဝါရီ ၂၃)ရက်က CDF(မတူပီ)ခိုလှုံလာသည်။

အဆိုပါနယ်ထိန်းသည် ထက်ဝေဇော် (ကိုယ်ပိုင်နံပါတ်လ -၂၇၆၃၀၉ ) သည် G3 သေနတ် တစ်လက် ၊ ကျည်ဆန်အချို့တို့နှင့်အတူ CDF(မတူပီ)ထံ ခိုလှုံလာခြင်းဖြစ်သည်။

ခိုလှုံလာသည့် ရဲတပ်သားကို ချင်းပြည်ကာကွယ်ရေးတပ်များက နွေးထွေးစွာကြိုဆိုပြီး ဂုဏ်ပြုချီးမြှင့်ငွေများလည်းပေးကာ လုံခြုံစိတ်ချရသည့်နေရာတွင်ခိုလှုံခွင့်ပေးထားသည်ဟု CDFနှင့်နီးစပ်သူတစ်ဦးကပြောသည်။

အလားတူ ဇန်နဝါရီ ၂၆ ရက်ကလည်း မတူပီ အခြေစိုက် ခြေမြန်တပ်ရင်း ၅၂၁ မှ တပ်ကြီးကြီးနှင့် ဒုတပ်ကြပ်နှစ်ဦးလည်း သေနတ်နှစ်လက်၊လက်ပစ်ဗုံးနှစ်လုံးနှင့် နင်းမိုင်းများနှင့်အတူ ဒေသခံကာကွယ်ရေးတပ်များထံခိုလှုံလာခဲ့သေးသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းထားသည့်နေ့မှစတင်ပြီး ၂၀၂၂ဖေဖော်ဝါရီလလယ်ပိုင်းအထိ CDF(မတူပီ)ထံခိုလှုံလာသူ စစ်သားနှင့် ရဲတပ်သား ၁၁ ဦးရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ ဖေဖော်ဝါရီ ၁ရက်မှာCNF ကဦး​ဆောင်ပြီးချင်းပြည်အစိုးရကိုဖွဲ့စည်း​ကြောင်း​ကြေညာပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။