Connect with us

Hi, what are you looking for?

News

PDF-ထီးလင်း(​ယော​ဒေသ)စစ်သင်တန်းဆင်းပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က သ၀ဏ်လွှာပေးပို့ခဲ့သည်ဟု PDF-ထီးလင်း(​ယော​ဒေသ)က ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)သတင်းထုတ်ပြန်သည်။

ထီးလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့၏အခြေခံစစ်ပညာသင်တန်း အမှတ်စဉ်(၃)တွင် သင်တန်းသားအင်အား ၂၀၀ ​ကျော်အထိ ပါဝင်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က သ၀ဏ်လွှာပေးပို့ခဲ့သည်။

ထီးလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ People’s Defence Force-Htilin (Yaw Region)၏ အဆိုပါသင်တန်းဆင်းပွဲကို ဖေဖော်ဝါရီ ၂၄ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေး၀န်ကြီးဌာန၊ ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်က သ၀ဏ်လွှာပေးပို့ခဲ့သည်ဟု PDF-ထီးလင်း(​ယော​ဒေသ)က ယနေ့(ဖေဖော်ဝါရီ ၂၆ရက်)သတင်းထုတ်ပြန်သည်။

ထီးလင်းသည် ယောဒေသတွင်ပါဝင်ပြီး ထိုစစ်သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒေသတွင်းမှ အခြား မဟာမိတ်ညီနောင်အဖွဲ့အစည်းများလည်း တင်ရောက်ခဲ့ကြသည်ဟု ယောဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ သတင်းထုတ်ပြန်ရေးလူမှုကွန်ရက်စာမျက်နှာ Gangaw Youths Voiceက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထီးလင်းမြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲအပြင်းအထန်မဖြစ်သော်လည်း ယောဒေသတွင်ပင်ရှိ​သော ဆောနှင့်လောင်းရှည်မြို့တွင်တိုက်ပွဲများဆက်တိုက်ဖြစ်ပွားခဲ့သည်။

ဆောနှင့် လောင်းရှည်မြို့ဝန်းကျင်တွင်ဖေဖော်ဝါရီလ၁၈ရက်မှ ဖေဖော်ဝါရီ ၂၄ရက်အတွင်း ရက်သတ္တပတ်တစ်ပတ်ကြာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်က ၂၁ဦးသေဆုံးကြောင်းဆောမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကယနေ့သတင်းထုတ်ပြန်ထားသည်။

လောင်းရှည်မှ ချင်းပြည်နယ်သို့ စစ်ကား ၁၆ စီးဖြင့်ထွက်ခွာလာသော စစ်ကောင်စီအင်အား ၂၀၀ခန့်ကို PDF-SAW, CDF Kanpetletနှင့်CNA ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်မှာ ပြည်သူ့လွတ်မြောက် ရေးတပ်မ တော်(PLA )တပ်နဲ့ မြင်းခြံခရိုင်ကွပ်ကဲရေးတပ် ပဋိပက္ခဖြစ်စဉ်မှာ PLAတပ်ဖွဲ့ တွေထောင်ထားတဲ့ မိုင်းကြောင့် PDF ၄ဦး ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့တယ်လို့ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်စစ်ရုံးချုပ်ကထုတ်ပြန်ပါတယ် ။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ထဲက ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ အထိုင်စခန်း​တွေကို အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)လက်​အောက်ရှိ မြင်းခြံခရိုင် ကွပ်ကဲ​ရေးအဖွဲ့က အင်အား ၈၀ ခန့်ဖြင့် ဇွန် ၂၂ ရက်မှာ စီးနင်းခဲ့​ကြောင်း PLA ကထုတ်ပြန်ပါတယ် ။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေကို လက်မခံဖို့ စစ်တပ်က ကျေးရွာတွေကို ခြိမ်းခြောက်စာတွေ လိုက်ကပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။