Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုအနောက်ခြမ်းတွင် တိုက်ပွဲမဖြစ်ဘဲ အရပ်သားများနေထိုင်ရာကို စစ်ကောင်စီတပ် လေကြောင်းဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီစစ်ရှောင်စခန်းများ ထပ်မံပြောင်းရွှေ့ခဲ့ရကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့ ထုတ်ပြန်ထားသည်။

▪️နေအိမ် ၅လုံးနှင့် မူကြိုကျောင်းပျက်စီးဟု ဒီးမော့ဆို PDF အသိပေ

ကယားနီပြည်နယ် ဒီးမော့ဆိုအနောက်ဘက်ခြမ်းတွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူများကို ဗုံးကြဲလေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်းဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၇ရက် နံနက် ၁နာရီ ၄၅မိနစ်တွင် လေကြောင်း တိုက်ခိုက်လာခြင်းဖြစ်ပြီး တချိန်တည်း ၌ပင် စစ်ကောင်စီတပ်က တာဝေးပစ်လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း၊ထိုသို့ တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုနေအိမ် ၅လုံးနှင့် မူကြိုကျောင်း တစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထား သည်။ ထို့ပြင် အိမ်မွေးတိရိစ္ဆာန်အချို့ ထိခိုက်သေဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

ဒီးမော့ဆိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အရပ်သားပြည်သူများအပေါ် ဗုံးကြဲပစ်ခတ်မှုမှာ ယခု ဖေဖော်ဝါရီလအတွင်း ၆ကြိမ်ခဲ့ရှိပြီး လက်နက်ကြီးဖြင့် ၃၅ကြိမ်ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆို PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကရင်နီစစ်ရှောင်စခန်းများ ထပ်မံပြောင်းရွှေ့ခဲ့ရကြောင်း ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်က ယနေ့ ထုတ်ပြန်ထားသည်။

ယခင်ကလည်း စစ်ကောင်စီတပ်က စစ်ဘေးရှောင်များရှိရာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ စစ်ရှောင်စခန်းပြောင်းရွှေ့ရမှုများ ရှိခဲ့သည်။ ထို့ပြင် ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းကို ညအချိန် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ စစ်ရှောင်များသေဆုံးထိခိုက်မှုရှိခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။