Connect with us

Hi, what are you looking for?

News

ပြည်သူများ၏နေအိမ်များအား မတရားချိတ်ပိတ်သိမ်းဆည်းနေသည့် စစ်ကောင်စီ၏လုပ်ရပ်မှာ သူရဲဘောကြောင်သည့် လုပ်ရပ်ဟု NUG ပြော

လှုံ့ဆော်မှုများနှင့် ချိတ်ဆက်၍ ပြည်သူလူထုပိုင်ဆိုင်သော အိုးအိမ်စည်းစိမ်များကို မတရားသဖြင့် ချိတ်ပိတ် သိမ်းဆည်းမှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လာသည်ကို တွေ့ရသည်ဟု အသိပေးသည်။

ပန်ဆယ်လို၏ ​နေအိမ်အား စစ်​ကောင်စီက ချိတ်ပိတ်​နေစဥ်

အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုပိုင်အိုးအိမ်များအား မတရားချိတ်ပိတ်သိမ်းဆည်းနေမှုမှာ သူရဲဘောကြောင်စွာ ညစ်ထေးသောနည်းလမ်းဖြင့် စနစ်တကျ ဖိနှိပ်လာသော လုပ်ရပ်များဖြစ်သောကြောင့် ပြင်းထန်စွာရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်) ထုတ်ပြန် သည်။

ထို့အတူ နေအိမ်ချိတ်ပိတ်သိမ်းဆည်းခံရမှုများ အားလုံးမှာလည်း ကျူးလွန်ခံရသည့် ပြည်သူတစ်ဦးတစ်ယောက်ချင်းဆီတိုင်းအပေါ် သက်ရောက်မှုမရှိစေရဘဲ ပြည်သူ့လက်ရောက် ပြန်လည်ပေးအပ်နိုင်ရေးကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဦးစားပေးစီမံဆောင်ရွက်သွားမည်ဟု ဖော်ပြသည်။

လတ်တလောကာလများအတွင်း အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်းတို့၏ မတရားအာဏာလုယူမှုကို ဆန့်ကျင်သော၊ မိမိတို့၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ကျင့်သုံးလျက်ရှိသော ပြည်သူလူထု၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို Telegram ကဲ့သို့သော လူမှုကွန်ရက်များတွင် ရေးသားဖော်ထုတ်၍ အကြမ်းဖက်ရန်လှုံ့ဆော်မှုများ ပျံ့နှံ့လာခဲ့သည်ဟု NUG က ဆိုသည်။

လှုံ့ဆော်မှုများနှင့် ချိတ်ဆက်၍ ပြည်သူလူထုပိုင်ဆိုင်သော အိုးအိမ်စည်းစိမ်များကို မတရားသဖြင့် ချိတ်ပိတ် သိမ်းဆည်းမှုများ နေ့စဉ်ရက်ဆက် ပြုလုပ်လာသည်ကို တွေ့ရသည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အဆို​တော်ချမ်းချမ်း၏ ​နေအိမ်အား ချိတ်ပိတ်​နေစဥ်

အဆိုပါ ဆောင်ရွက်နေမှုများသည် တရားဥပဒေနှင့် ညီညွတ်မှုမရှိသည့်အပြင် စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် ပြည်သူလူထုအပေါ် သူရဲဘောကြောင်စွာ ညစ်ထေးသောနည်းလမ်းဖြင့် စနစ်တကျ ဖိနှိပ်လာသော လုပ်ရပ်များဖြစ်သောကြောင့် ပြင်းထန်စွာရှုတ်ချကြောင်း ဖော်ပြသည်။

ထိုကဲ့သို့ ဥပဒေနှင့်ညီညွတ်ခြင်းမရှိသည့် မတရားဆောင်ရွက်မှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူ လူပုဂ္ဂိုလ်တစ်ဦးချင်း တစ်ယောက်ချင်းစီတိုင်းသည် မိမိ၏ပါဝင်ပတ်သက်မှု အတိုင်းအတာပေါ်မူတည်၍ တာဝန်ယူ၊ တာဝန်ခံရစေရေး ဆောင်ရွက်သွားမည်ဟု NUG က ကတိပြုသည်။

ကျူးလွန်ခံရသော ပြည်သူများအနေဖြင့် ကျူးလွန်မှုတွင်ပူးပေါင်းပါဝင်ပတ်သက်သူများ၏ အချက်အလက်များနှင့် မတရားချိတ်ပိတ် သိမ်းဆည်းခံရသည့် အိုးအိမ်ပိုင်ဆိုင်မှုစာရင်းများကို သက်သေများနှင့်တကွ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ https: //mohai.nugmyanmar.org ရှိ အမှုဖွင့်တိုင်ကြားရန်နေရာတွင် တိုင်ကြားပေးကြပါရန် မေတ္တာရပ်ခံအပ်သည်။

​ဒေါက်တာ​တေဇာစန်း​နေအိမ်အား ချိတ်ပိတ်ရန် ဝါဒဖြန့်​နေစဥ်

ပြည်သူများ၏ ပေးပို့တိုင်ကြားမှုများနှင့် အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်တွင် အမှု ထမ်းလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ၏ စုံစမ်းစစ် ဆေးဖော်ထုတ်မှုများကို အခြေခံ၍ အဆိုပါကိစ္စရပ်များအား တရားမျှတမှုရရှိရေး ဆောင်ရွက်သွားမည်ဟုလည်း NUG ကဆိုသည်။

နိုင်ငံတော်၏အာဏာကို တရားမဝင်လုယူထားသော အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် စစ်အုပ်စု၏ ဆောင်ရွက်နေမှုများအားလုံးသည် တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့်အတွက် မည်သည့်သက်ရောက်မှုမျှမရှိဘဲ ပျက်ပြယ်ပြီး ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်၌ ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။