Connect with us

Hi, what are you looking for?

News

အညာ​ဒေသက ၈နာရီခန့်ကြာတိုက်ပွဲ စစ်​ကောင်စီတပ်အထိနာဟု ​လောင်းရှည် PDF ​ပြော

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ညနေ ၅နာရီခွဲခန့်တွင်ပြီးဆုံးသွားပြီး တိုက်ပွဲဖြစ်ပွားချိန် ၈နာရီခန့်ကြာမြင့်ကာ LSRPDF မှ အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်

မကွေးတိုင်း လောင်းရှည်မြို့မှ ဆောမြို့သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အလွန်အထိနာသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လောင်းရှည်ဒေသ (LSR PDF)က ထုတ်ပြန်သည်။

ယနေ့ (မတ်လ၃ ရက်)တွင် လောင်းရှည်မှ ဆောမြို့သို့ နံနက်၈နာရီခန့်မှ စတင်စစ်ကြောင်းထိုးလာရာ နံနက်နာရီခွဲခန့်၌ တောင်ဘို့ကြီး​ကျေးရွာအလွန် ကြသောင်းတောင် ကြော အနီးနားတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်မိုင်း (၂)လုံးမိခဲ့သည်။

ထို့နောက် အသင့်စောင့်ဆိုင်းနေသော LSR PDF နှင့်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။လက်နက်ကြီးများဖြင့် ကြသောင်းတောင် ကြောတလျောက် ၁၃ချက်ခန့်ပစ်ခတ်နိုင်ခဲ့ပြီး စစ်​ကောင်စီတပ်များမှလည်း လက်နက်ကြီးလက်နက်ငယ်များစွာသုံးပြီး ပြန်လည်ပစ်ခတ်ရာ ထိတွေ့ပစ်ခတ်မှုများ ပြင်းထန်ခဲ့သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ညနေ ၅နာရီခွဲခန့်တွင်ပြီးဆုံးသွားပြီး တိုက်ပွဲဖြစ်ပွားချိန် ၈နာရီခန့်ကြာမြင့်ကာ LSRPDF မှ အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး ကျည်ထိမှန်၍ ကားတန်းလည်း ထိခိုက်ပျက်စီးနိုင်ပြီး အော်ဟစ်ဆဲဆိုသံများကြားရပြီးအတော် အထိနာသွားသည်ဟု LSRPDF ယူဆသည်။

ထိခိုက်ကျဆုံးမှု အသေးစိတ်ကို စုံစမ်းဆဲဖြစ်ပြီး အထိနာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ကြသောင်းတောင်အလွန်တွင် ညအိပ်စခန်းချနိုင်သည်ဟုယူဆရ၍ ပြည်သူများအ‌နေဖြင့် ဆော- လောင်းရှည် လမ်းပိုင်းကို အသွားလာမပြုလုပ်ရန် မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ချင်းနှင့် မကွေးဒေသကြားရှိ ဆွဲလွဲကျင်းရွာနှင့်မဆာတွီကျေးရွာကြား၌ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကြောင်း LSRPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။