Connect with us

Hi, what are you looking for?

LuduNwayOo

News

အညာ​ဒေသက ၈နာရီခန့်ကြာတိုက်ပွဲ စစ်​ကောင်စီတပ်အထိနာဟု ​လောင်းရှည် PDF ​ပြော

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ညနေ ၅နာရီခွဲခန့်တွင်ပြီးဆုံးသွားပြီး တိုက်ပွဲဖြစ်ပွားချိန် ၈နာရီခန့်ကြာမြင့်ကာ LSRPDF မှ အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်

မကွေးတိုင်း လောင်းရှည်မြို့မှ ဆောမြို့သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အလွန်အထိနာသွားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လောင်းရှည်ဒေသ (LSR PDF)က ထုတ်ပြန်သည်။

ယနေ့ (မတ်လ၃ ရက်)တွင် လောင်းရှည်မှ ဆောမြို့သို့ နံနက်၈နာရီခန့်မှ စတင်စစ်ကြောင်းထိုးလာရာ နံနက်နာရီခွဲခန့်၌ တောင်ဘို့ကြီး​ကျေးရွာအလွန် ကြသောင်းတောင် ကြော အနီးနားတဝိုက်တွင် အကြမ်းဖက်စစ်ကောင်စီတပ် တိုက်မိုင်း (၂)လုံးမိခဲ့သည်။

ထို့နောက် အသင့်စောင့်ဆိုင်းနေသော LSR PDF နှင့်ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။လက်နက်ကြီးများဖြင့် ကြသောင်းတောင် ကြောတလျောက် ၁၃ချက်ခန့်ပစ်ခတ်နိုင်ခဲ့ပြီး စစ်​ကောင်စီတပ်များမှလည်း လက်နက်ကြီးလက်နက်ငယ်များစွာသုံးပြီး ပြန်လည်ပစ်ခတ်ရာ ထိတွေ့ပစ်ခတ်မှုများ ပြင်းထန်ခဲ့သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ညနေ ၅နာရီခွဲခန့်တွင်ပြီးဆုံးသွားပြီး တိုက်ပွဲဖြစ်ပွားချိန် ၈နာရီခန့်ကြာမြင့်ကာ LSRPDF မှ အထိခိုက်မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

လက်နက်ကြီး ကျည်ထိမှန်၍ ကားတန်းလည်း ထိခိုက်ပျက်စီးနိုင်ပြီး အော်ဟစ်ဆဲဆိုသံများကြားရပြီးအတော် အထိနာသွားသည်ဟု LSRPDF ယူဆသည်။

ထိခိုက်ကျဆုံးမှု အသေးစိတ်ကို စုံစမ်းဆဲဖြစ်ပြီး အထိနာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ကြသောင်းတောင်အလွန်တွင် ညအိပ်စခန်းချနိုင်သည်ဟုယူဆရ၍ ပြည်သူများအ‌နေဖြင့် ဆော- လောင်းရှည် လမ်းပိုင်းကို အသွားလာမပြုလုပ်ရန် မေတ္တာရပ်ခံသည်။

ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ချင်းနှင့် မကွေးဒေသကြားရှိ ဆွဲလွဲကျင်းရွာနှင့်မဆာတွီကျေးရွာကြား၌ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်း သေဆုံးကြောင်း LSRPDFက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။