Connect with us

Hi, what are you looking for?

News

ပဲခူးရိုးမ​ပေါ်တက်လာသည့် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်​သေဆုံးမှုရှိဟု ​ပေါင်းတည် PDF​ပြော

ပြည်သူများအ​နေဖြင့် ပဲခူးရိုးမပေါ်သို့ မတ်လ ၈ရက်ကစ၍ ဖြတ်သန်းသွာလာခြင်းမပြုရန် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်၏ ဘုရင့်​နောင်တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)က မတ်လ ၇ ရက်တွင် သတိ​ပေး ထုတ်ပြန်ထားသည်။

People's Spring
People's Spring

ပဲခူးရိုးမပေါ်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၆၀၁) တပ်ခွဲ -၁၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ​သတင်းထုတ်ပြန် သည်။

ယ​နေ့(မတ်လ၈ ရက်) နံနက် ၉နာရီခွဲခန့်က ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စု လဲပင်ကျေးရွာ အထက်ပဲခူးရိုးမပေါ်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDF၏ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး​ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိသော်လည်း PPDF ရဲဘော်များထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

ပြည်သူများအ​နေဖြင့် ပဲခူးရိုးမပေါ်သို့ မတ်လ ၈ရက်ကစ၍ ဖြတ်သန်းသွာလာခြင်းမပြုရန် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်၏ ဘုရင့်​နောင်တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)က မတ်လ ၇ ရက်တွင် သတိ​ပေး ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ်လ ၄ ရက် နေ့လယ်၁၂ နာရီခန့်က အကြမ်းဖက်စစ်တပ်၏ စစ်သားအင်အား၈၀ခန့်ကို တောင်ငူခရိုင် PDF၊ တပ်ရင်းအမှတ် (၃၅၀၁)မှ ကမ်းပါးယံပေါ်မှ အသင့်နေရာယူ၍ ရှေ့ထွက်မိုင်း ​လေးလုံးဖောက်ခွဲပြီး အပေါ်စီးမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာ၌ပင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးနိုင်ကာ ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။