Connect with us

Hi, what are you looking for?

LuduNwayOo

News

ပဲခူးရိုးမ​ပေါ်တက်လာသည့် စစ်​ကောင်စီတပ် တိုက်ခိုက်ခံရပြီး ထိခိုက်​သေဆုံးမှုရှိဟု ​ပေါင်းတည် PDF​ပြော

ပြည်သူများအ​နေဖြင့် ပဲခူးရိုးမပေါ်သို့ မတ်လ ၈ရက်ကစ၍ ဖြတ်သန်းသွာလာခြင်းမပြုရန် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်၏ ဘုရင့်​နောင်တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)က မတ်လ ၇ ရက်တွင် သတိ​ပေး ထုတ်ပြန်ထားသည်။

People's Spring
People's Spring

ပဲခူးရိုးမပေါ်သို့တက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃၆၀၁) တပ်ခွဲ -၁၊ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PPDF)က ​သတင်းထုတ်ပြန် သည်။

ယ​နေ့(မတ်လ၈ ရက်) နံနက် ၉နာရီခွဲခန့်က ပေါင်းတည်မြို့နယ် သိမ်ကုန်းအုပ်စု လဲပင်ကျေးရွာ အထက်ပဲခူးရိုးမပေါ်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ဦးကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PPDF၏ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး​ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုများရှိသော်လည်း PPDF ရဲဘော်များထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ဆက်လက်ဖော်ပြထားသည်။

ပြည်သူများအ​နေဖြင့် ပဲခူးရိုးမပေါ်သို့ မတ်လ ၈ရက်ကစ၍ ဖြတ်သန်းသွာလာခြင်းမပြုရန် တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်၏ ဘုရင့်​နောင်တပ်ရင်း၊ တပ်ရင်းအမှတ်(၃၅၀၁)က မတ်လ ၇ ရက်တွင် သတိ​ပေး ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မတ်လ ၄ ရက် နေ့လယ်၁၂ နာရီခန့်က အကြမ်းဖက်စစ်တပ်၏ စစ်သားအင်အား၈၀ခန့်ကို တောင်ငူခရိုင် PDF၊ တပ်ရင်းအမှတ် (၃၅၀၁)မှ ကမ်းပါးယံပေါ်မှ အသင့်နေရာယူ၍ ရှေ့ထွက်မိုင်း ​လေးလုံးဖောက်ခွဲပြီး အပေါ်စီးမှ ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ နေရာ၌ပင် စစ်ကောင်စီတပ်သား ၁၅ ဦးခန့်သေဆုံးနိုင်ကာ ဒဏ်ရာရသူများလည်းရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။