Hi, what are you looking for?
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်ဂိတ်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားတွေကို စနိုက်ဘာနဲ့ ကနဦးတိုက်ခိုက်ခဲ့တဲ့အပြင် တပ်ပြန်ဆုတ်ချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PDF ဗျူဟာ(၂၁)ကွပ်ကဲမှုအောင်မှာရှိတဲ့ ပြည်ခရိုင် တပ်ရင်း (၃၆၀၁)မှ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးခြင်းများရှိလာပြီး စစ်ရေးအရှိန်မြင့်တက်လာ၍ ပဲခူးရိုးမအတွင်းရှိ စစ်ရေးလှုပ်ရှားမှုနယ်မြေအတွင်း ယာဥ်များနှင့် ကျွဲ၊ နွားများ သွားလာခြင်းကို ယနေ့ (မတ်လ ၁၆ ရက်)ကစ၍ တားမြစ်ကန့်သတ်လိုက်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ (မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖို)က အသိပေး ထုတ်ပြန်သည်။