Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျောက်ဆည်တွင် စစ်​ကောင်စီအရာရှိယာဥ်တန်းအားလမ်းရှင်း​ပေး​သောရဲနှင့်ယာဥ်ထိန်းရဲများကို KDDFကလက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု​ကြောင့်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ဝန်ထမ်းများ ထိခိုက်မှုအခြေအနေမသိရသေးကြောင်း KDDFအဖွဲ့က ပြောသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ အဆင့်မြင့်အရာရှိတစ်ဦး​၏ ယာဥ်တန်းကိုလမ်းရှင်းပေးနေသည့် ရဲနှင့်ယာဥ်ထိန်းအုပ်စုအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (မတ်လ ၉ ရက်နေ့) နံနက် ၉ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိတစ်ဦး၏ယာဥ်တန်းအား လမ်းရှင်းပေးနေသော ရဲတစ်ဦးနှင့် ယာဥ်ထိန်းရဲများအား ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ၎င်းအဖွဲ့ကအသိပေးသည်။

“ကျောက်ဆည်မြို့၊တံစိုးဂိတ်ရပ်ကွက်လမ်းဆုံမှာ ပွိုင့်ကား၁စီး၊ အိမ်စီးကား၆စီးနဲ့သွားတယ်လို့သတင်းရလို့လုပ်ခဲ့တာပါ။လမ်းဆုံ ​နေရာတွေမှာ ရဲနဲ့ယာဥ်ထိန်းရဲတွေစောင့်နေတာတွေ့လို့ လက်ပစ်နဲ့ထုခဲ့တာပါ” ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု​ကြောင့်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ဝန်ထမ်းများ ထိခိုက်မှုအခြေအနေမသိရသေးကြောင်း KDDFအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၅မိနစ်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီအုပ်စု အခိုင်အမာတပ်စွဲထားသော ကျောက်ဆည်ခရိုင် ထွေအုပ်ရုံးအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ လက်ပစ်(၂) လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။