Connect with us

Hi, what are you looking for?

News

ကျောက်ဆည်တွင် စစ်​ကောင်စီအရာရှိယာဥ်တန်းအားလမ်းရှင်း​ပေး​သောရဲနှင့်ယာဥ်ထိန်းရဲများကို KDDFကလက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်

လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု​ကြောင့်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ဝန်ထမ်းများ ထိခိုက်မှုအခြေအနေမသိရသေးကြောင်း KDDFအဖွဲ့က ပြောသည်။

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့တွင် အကြမ်းဖက်စစ်ကောင်စီမှ အဆင့်မြင့်အရာရှိတစ်ဦး​၏ ယာဥ်တန်းကိုလမ်းရှင်းပေးနေသည့် ရဲနှင့်ယာဥ်ထိန်းအုပ်စုအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF အဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ (မတ်လ ၉ ရက်နေ့) နံနက် ၉ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ၏ အဆင့်မြင့်အရာရှိတစ်ဦး၏ယာဥ်တန်းအား လမ်းရှင်းပေးနေသော ရဲတစ်ဦးနှင့် ယာဥ်ထိန်းရဲများအား ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း ၎င်းအဖွဲ့ကအသိပေးသည်။

“ကျောက်ဆည်မြို့၊တံစိုးဂိတ်ရပ်ကွက်လမ်းဆုံမှာ ပွိုင့်ကား၁စီး၊ အိမ်စီးကား၆စီးနဲ့သွားတယ်လို့သတင်းရလို့လုပ်ခဲ့တာပါ။လမ်းဆုံ ​နေရာတွေမှာ ရဲနဲ့ယာဥ်ထိန်းရဲတွေစောင့်နေတာတွေ့လို့ လက်ပစ်နဲ့ထုခဲ့တာပါ” ကျောက်ဆည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDDF အဖွဲ့တာဝန်ရှိသူက ပြောသည်။

လက်ပစ်ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု​ကြောင့်အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲနှင့်ဝန်ထမ်းများ ထိခိုက်မှုအခြေအနေမသိရသေးကြောင်း KDDFအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၅မိနစ်အချိန်ကလည်း အကြမ်းဖက်စစ်ကောင်စီအုပ်စု အခိုင်အမာတပ်စွဲထားသော ကျောက်ဆည်ခရိုင် ထွေအုပ်ရုံးအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ လက်ပစ်(၂) လုံးပစ်သွင်း၍ တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။