Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

သားဖွားဆေးရုံကို ရုရှားလေတပ် ဗုံးကြဲခဲ့တယ်လို့ ယူကရိန်း စွပ်စွဲ

မာရူပိုလ် မြို့ထဲက ဆေးရုံကို ရုရှားလေတပ်ရဲ့ ဒုံးကျည်တွေ ထိမှန်မှုကြောင့် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ အပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သားဖွားနဲ့ ကလေးဆေးရုံ တစ်ခုကို ရုရှားလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

မာရူပိုလ် မြို့ထဲက ဆေးရုံကို ရုရှားလေတပ်ရဲ့ ဒုံးကျည်တွေ ထိမှန်မှုကြောင့် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ အပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးငယ်တွေ ရှိနေတဲ့ ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ရုရှားစစ်တပ်ရဲ့ လုပ်ရပ်ဟာ မကောင်းဆိုးရွား ဆန်လွန်းကြောင်း ဝေဖန်သွားခဲ့ပါတယ်။ ပြီးတော့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ဆေးရုံရဲ့ ဓာတ်ပုံတွေကိုလည်း ဇီလန်စကီးက ပြသခဲ့ပါတယ်။

ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မာရူပိုလ် ပါဝင်နေတဲ့ ဒွန်းညက်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ပက်ဗ်လို ကိုင်ရီလန်ကိုက မတ်လ ၉ ရက်နေ့ တိုက်ခိုက်မှုအပြီး အထိအခိုက် စာရင်းကို ဆက်လက် စိစစ်နေကြောင်း၊ လတ်တလော ကြားသိရသလောက် သေဆုံးသူ မရှိသေးသလို ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေ မပါဝင်ကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မျက်မှောက်ခေတ် စစ်ပွဲတွေမှာ ကလေးဆေးရုံတွေကို ဗုံးကြဲတယ်ဆိုတဲ့ လုပ်ရပ်မျိုးက ဘယ်လိုမှာ နားမလည်နိုင်ကြောင်း၊ ဒီလို အခြေအနေ ကြုံရတယ် ဆိုတာကို လူတွေက မယုံနိုင်အောင် ဖြစ်နေကြောင်း ကိုင်ရီလန်က ဆိုပါတယ်။

ယူကရိန်း သမ္မတ ဇီလန်စကီးကလည်း ရုရှားဆိုတာဟာ ဆေးရုံတွေ၊ သားဖွားရုံတွေကို လက်လွတ်စပယ် ဖျက်ဆီးပစ်ဖို့ ဝန်မလေးတဲ့ နိုင်ငံတစ်ခုလားလို့ ဝေဖန် မေးခွန်း ထုတ်သွားခဲ့ပါတယ်။ အမေရိကန် အစိုးရကလည်း အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်နေတဲ့ ရုရှားစစ်တပ်ရဲ့ လုပ်ရပ်တွေက ကြမ်းကြုတ် ရက်စက်လွန်းတယ်လို့ ဝေဖန်သွားပါတယ်။

မာရူပိုလ်မြို့ကို ရုရှားတပ်တွေက ပိတ်ဆို့ ဝန်းရံထားတာ ရက်ပေါင်း အတော်ကြာခဲ့ပါပြီ။ ရုရှားတပ်တွေဟာ မြို့ထဲက လူနေဧရိယာတွေကိုပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံးတဲ့ အရေအတွက်ကလည်း ၁၂၀၀ ကျော်လောက် ရှိလာကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစောပိုင်းမှာ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်တွေဟာ အက်ဗ်ဒစ်ဗ်ကာ မြောက်ဖက် ၁၀ ကီလိုမီတာ အကွာမှာရှိတဲ့ နိုဗိုဘက်ခ်မူတစ်ဗ်ကာ ကျေးရွာကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။