Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သားဖွားဆေးရုံကို ရုရှားလေတပ် ဗုံးကြဲခဲ့တယ်လို့ ယူကရိန်း စွပ်စွဲ

မာရူပိုလ် မြို့ထဲက ဆေးရုံကို ရုရှားလေတပ်ရဲ့ ဒုံးကျည်တွေ ထိမှန်မှုကြောင့် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ အပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

သားဖွားနဲ့ ကလေးဆေးရုံ တစ်ခုကို ရုရှားလေတပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်း အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

မာရူပိုလ် မြို့ထဲက ဆေးရုံကို ရုရှားလေတပ်ရဲ့ ဒုံးကျည်တွေ ထိမှန်မှုကြောင့် လူနာတွေ၊ ဆေးရုံဝန်ထမ်းတွေ အပါအဝင် ၁၇ ဦးထက်မနည်း ဒဏ်ရာ ရခဲ့ကြောင်း ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးငယ်တွေ ရှိနေတဲ့ ဆေးရုံကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ရုရှားစစ်တပ်ရဲ့ လုပ်ရပ်ဟာ မကောင်းဆိုးရွား ဆန်လွန်းကြောင်း ဝေဖန်သွားခဲ့ပါတယ်။ ပြီးတော့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ဆေးရုံရဲ့ ဓာတ်ပုံတွေကိုလည်း ဇီလန်စကီးက ပြသခဲ့ပါတယ်။

ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ မာရူပိုလ် ပါဝင်နေတဲ့ ဒွန်းညက်စ်ခ်ဒေသ အုပ်ချုပ်ရေးမှူး ပက်ဗ်လို ကိုင်ရီလန်ကိုက မတ်လ ၉ ရက်နေ့ တိုက်ခိုက်မှုအပြီး အထိအခိုက် စာရင်းကို ဆက်လက် စိစစ်နေကြောင်း၊ လတ်တလော ကြားသိရသလောက် သေဆုံးသူ မရှိသေးသလို ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်တွေ မပါဝင်ကြောင်း အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မျက်မှောက်ခေတ် စစ်ပွဲတွေမှာ ကလေးဆေးရုံတွေကို ဗုံးကြဲတယ်ဆိုတဲ့ လုပ်ရပ်မျိုးက ဘယ်လိုမှာ နားမလည်နိုင်ကြောင်း၊ ဒီလို အခြေအနေ ကြုံရတယ် ဆိုတာကို လူတွေက မယုံနိုင်အောင် ဖြစ်နေကြောင်း ကိုင်ရီလန်က ဆိုပါတယ်။

ယူကရိန်း သမ္မတ ဇီလန်စကီးကလည်း ရုရှားဆိုတာဟာ ဆေးရုံတွေ၊ သားဖွားရုံတွေကို လက်လွတ်စပယ် ဖျက်ဆီးပစ်ဖို့ ဝန်မလေးတဲ့ နိုင်ငံတစ်ခုလားလို့ ဝေဖန် မေးခွန်း ထုတ်သွားခဲ့ပါတယ်။ အမေရိကန် အစိုးရကလည်း အပြစ်မဲ့ ပြည်သူတွေကို တိုက်ခိုက်နေတဲ့ ရုရှားစစ်တပ်ရဲ့ လုပ်ရပ်တွေက ကြမ်းကြုတ် ရက်စက်လွန်းတယ်လို့ ဝေဖန်သွားပါတယ်။

မာရူပိုလ်မြို့ကို ရုရှားတပ်တွေက ပိတ်ဆို့ ဝန်းရံထားတာ ရက်ပေါင်း အတော်ကြာခဲ့ပါပြီ။ ရုရှားတပ်တွေဟာ မြို့ထဲက လူနေဧရိယာတွေကိုပါ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် အရပ်သားတွေ သေဆုံးတဲ့ အရေအတွက်ကလည်း ၁၂၀၀ ကျော်လောက် ရှိလာကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။