Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင် ကင်းလှည့်​နေသည့် စစ်​ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တစ်ဦး​သေပြီး အများအပြားထိခိုက်ဟု PDF ​ပြော

​ကျေးရွာများအား မီးရှို့ခဲ့သောကြောင့် လက်စားချေခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း အင်တာနက်များ ပြန်လည်မရရှိပါက စစ်ကောင်စီထောက်တိုင်များဟု သက်မှတ်ပြီး မည်သည့်တာဝါတိုင်မဆို ဖြိုချရန် မိုင်းများတပ်ဆင်ထားပြီဖြစ်ကြောင်း BLACK WOLF PDF အဖွဲ့က ဆိုသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် ကင်းလှည့်လာသည့် စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း BLACK WOLF PDF အဖွဲ့က ထုတ်ပြန်သည်။

ယမန်နေ့(မတ်လ ၉ ရက်)ည ၁၀ နာရီခန့်က ရွှေဘိုမြို့ မြို့ရှောင်လမ်းတွင် စစ်သုံး FAW ကားဖြင့် ကင်းပတ်လာသော အကြမ်းဖက်စစ်ကောင်စီတပ်များအား ရွှေဘိုနယ်အခြေစိုက် နတ်တောင်နဂါးအဖွဲ့၊ Ghost Rider အဖွဲ့နှင့် စစ်ကိုင်းအခြေစိုက် BLACK WOLF PDF အဖွဲ့တို့ပူးပေါင်းကာ သုံးဖွဲ့ပေါင်း မိုင်းသုံးလုံးဖြင့် မိုင်းဆွဲခဲ့ရာ မိုင်းဆွဲခံရသော နေရာတွင် အကြမ်းဖက်စစ်သားတစ်ဦး သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံသို့ ခေါ်ဆောင်သွား​ကြောင်း BLACK WOLF PDF အဖွဲ့က အသိပေးသည်။

​ကျေးရွာများအား မီးရှို့ခဲ့သောကြောင့် လက်စားချေခြင်းဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း အင်တာနက်များ ပြန်လည်မရရှိပါက စစ်ကောင်စီထောက်တိုင်များဟု သက်မှတ်ပြီး မည်သည့်တာဝါတိုင်မဆို ဖြိုချရန် မိုင်းများတပ်ဆင်ထားပြီဖြစ်ကြောင်း BLACK WOLF PDF အဖွဲ့က ဆိုသည်။

“မိုင်းဆွဲပြီး ပြန်ဆုတ်ခဲ့တာဆိုတော့ သူတို့ဘက်က အနည်းငယ် ပြန်လည်ပစ်ခတ်ပါတယ်။ ဆေးရုံမှာတော့ ပွက်လောရိုက်နေတာပဲ။ ဆေးရုံရောက်ပြီးမှဘယ်နှစ်ကောင်မုန့်ဟင်းခါးဖြစ်လဲ မသိရသေးပါဘူး။ မိုင်းဆွဲခံရတဲ့နေရာတင် ကားကထိုးရပ်ပြီးစခတစ်ကောင်ဂိန်ပါတယ်။ ငရဲရောက်သွားတယ်ပေါ့ဗျာ”ဟု BLACK WOLF PDF အဖွဲ့တာဝန်ရှိသူက သတိပေးသည်။

Public Service Announcement

Public Service Announcement

ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် အကြမ်းဖက်စစ်ကောင်စီက မီးရှို့ဖျက်ဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ