Connect with us

Hi, what are you looking for?

News

လှိုင်သာယာမှာစစ်ကောင်စီရဲ့အကြမ်းဖက်မှု တစ်နှစ်ပြည့်ပြီ

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကြီး(HRW) ရဲ့မှတ်တမ်းအရ ၆၅ ဦးထက်မနည်းသတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ − AFP

ရန်ကုန်တိုင်း ၊လှိုင်သာယာမြို့နယ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီ က ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းခဲ့တာဟာ ဒီနေ့ မတ်လ ၁၄ ရက်ဆိုရင် တစ်နှစ်တိတိပြည့်ပါပြီ။

လှိုင်သာယာဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်သူတွေကို ပထမဆုံး အစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်တဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကြီး(HRW) ရဲ့မှတ်တမ်းအရ ၆၅ ဦးထက်မနည်းသတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။

လှိုင်သာယာမြို့အဝင် အောင်ဇေယျတံတားထိပ် ကနေစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အတားအဆီးတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး မြို့ကို စနစ်တကျ ပိတ်ဆို့ကာ ပစ်ခတ်သတ်ဖြတ်တာတွေလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီနေ့ ညဘက်အချိန်တွေမှာလည်း လှိုင်သာယာ မြို့နယ်က နေရာအနှံအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လိုက်လံပစ်ခတ်တာတွေကိုလုပ်ဆောင်ခဲ့တယ်လို့ အဲဒီအချိန်တုန်းက ဒေသခံတွေကြုံတွေ့ခံရတာကိုပြောပြခဲ့ကြပါတယ်။

ဒါကြောင့်လည်း ညပိုင်းမှာ လှိုင်သာယာဆေးရုံကို သေဆုံးသူအလောင်းတွေ ဆက်တိုက်ဆိုသလိုပဲရောက်လာခဲ့ပါတယ်။

စစ်တပ်ဟာလှိုင်သာယာမြို့နယ်မှာ နေ့ခင်းပိုင်း ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်ပြီး ညပိုင်းမှာတော့ စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။