Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာမှာစစ်ကောင်စီရဲ့အကြမ်းဖက်မှု တစ်နှစ်ပြည့်ပြီ

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကြီး(HRW) ရဲ့မှတ်တမ်းအရ ၆၅ ဦးထက်မနည်းသတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။

ဓာတ်ပုံ − AFP

ရန်ကုန်တိုင်း ၊လှိုင်သာယာမြို့နယ်အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ပြည်သူတွေကို စစ်ကောင်စီ က ရည်ရွယ်ချက်ရှိရှိ ရက်ရက်စက်စက်ပစ်ခတ်နှိမ်နင်းခဲ့တာဟာ ဒီနေ့ မတ်လ ၁၄ ရက်ဆိုရင် တစ်နှစ်တိတိပြည့်ပါပြီ။

လှိုင်သာယာဖြစ်စဉ်ဟာ ၂၀၂၁ ခုနှစ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပြည်သူတွေကို ပထမဆုံး အစုလိုက်အပြုံလိုက်ပစ်ခတ်သတ်ဖြတ်တဲ့ ဖြစ်စဉ်လည်းဖြစ်ပါတယ်။

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကြီး(HRW) ရဲ့မှတ်တမ်းအရ ၆၅ ဦးထက်မနည်းသတ်ဖြတ်ခံလိုက်ရတယ်လို့သိရပါတယ်။

လှိုင်သာယာမြို့အဝင် အောင်ဇေယျတံတားထိပ် ကနေစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်အတားအဆီးတွေကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး မြို့ကို စနစ်တကျ ပိတ်ဆို့ကာ ပစ်ခတ်သတ်ဖြတ်တာတွေလုပ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

အဲဒီနေ့ ညဘက်အချိန်တွေမှာလည်း လှိုင်သာယာ မြို့နယ်က နေရာအနှံအပြားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လိုက်လံပစ်ခတ်တာတွေကိုလုပ်ဆောင်ခဲ့တယ်လို့ အဲဒီအချိန်တုန်းက ဒေသခံတွေကြုံတွေ့ခံရတာကိုပြောပြခဲ့ကြပါတယ်။

ဒါကြောင့်လည်း ညပိုင်းမှာ လှိုင်သာယာဆေးရုံကို သေဆုံးသူအလောင်းတွေ ဆက်တိုက်ဆိုသလိုပဲရောက်လာခဲ့ပါတယ်။

စစ်တပ်ဟာလှိုင်သာယာမြို့နယ်မှာ နေ့ခင်းပိုင်း ပစ်ခတ်ဖြိုခွင်းမှုတွေ လုပ်ပြီး ညပိုင်းမှာတော့ စစ်အုပ်ချုပ်ရေးကို ကြေညာခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။