Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု ငါးမှုကိုပယ်ဖျက်ပေးဖို့လျှောက်ထားချက် ပယ်ချခံရ

ပယ်ချခံရတဲ့အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ လာဘ်ပေးခဲ့ရတယ်ဆိုတဲ့အမှု ၊ နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာကိစ္စ ၊ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ ကိစ္စတွေပါဝင်နေတာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိအမှု ငါးမှုကို ပယ်ဖျက်ပေးဖို့ လျှောက်ထားချက်ကို စစ်ကောင်စီရဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်တယ်လို့သိရပါတယ်။

မနေ့က မတ်လ ၁၅ ရက်မှာ ပယ်ချလိုက်တာပါ။

ပယ်ချခံရတဲ့အမှုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရွှေနဲ့ဒေါ်လာတွေ လာဘ်ပေးခဲ့ရတယ်ဆိုတဲ့အမှု ၊ နေပြည်တော်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း မြေနေရာကိစ္စ ၊ ရန်ကုန်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာ ကိစ္စတွေပါဝင်နေတာပါ။

အဲဒီအမှုမှာတွေဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ်ချလို့ရတဲ့ အဂတိပုဒ်မ နဲ့စွဲဆိုထားတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအပြင် နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ၊ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦး ၊ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့ ကိုစွဲဆိုထားတဲ့အဂတိမှုတွေကို ပယ်ချယ်ပေးဖို့လျှောက်ထားချက်ပါ ပယ်ချခံတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။