Connect with us

Hi, what are you looking for?

News

ကန်ပက်လက်တွင် တိုက်ပွဲဆက်ဖြစ်

အကြမ်းဖက်စစ်ကောင်စီတပ်က မင်းတပ်မြို့ နယ်မြေခံ တပ်ရင်း (၂၇၄)နှင့်ကျောက်ထုအမြောက်တပ်တို့မှ လက်နက်ကြီးများဖြင့် ဒေသခံကာကွယ်ရေးတပ်များကို ပစ်ခတ်နေသည်ဟု၎င်းကဆက်​ပြောသည်။

(CDF-ကန်ပက်လက်တပ်ဖွဲ့ဝင်များ စစ်​ရေး​လေ့ကျင့်စဥ်)

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား မတ် ၁၉ ညနေပိုင်းမှ စတင်ပြီး ညပိုင်းအထိ့တိုက်ပွဲဖြစ်ပွားခဲ့​ကြောင်းဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူတစ်ဦးကပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က မင်းတပ်မြို့ နယ်မြေခံ တပ်ရင်း (၂၇၄)နှင့်ကျောက်ထုအမြောက်တပ်တို့မှ လက်နက်ကြီးများဖြင့် ဒေသခံကာကွယ်ရေးတပ်များကို ပစ်ခတ်နေသည်ဟု၎င်းကဆက်​ပြောသည်။

“ညနေကတည်း လက်နက်ကြီးသံတွေ တရစပ်ကြားနေရတယ်။ ညပိုင်းတော့ အသံတွေရပ်သွားတယ်”ဟု ဒေသခံကာကွယ်ရေးတပ်နှင့်နီးစပ်သူကပြောသည်။

တိုက်ပွဲအခြေအနေကို အသေးစိပ်ကိုမူမသိရသေးဟုလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

ကန်ပက်လက်မြို့နယ်အခြေပြု CDF-ကန်ပက်လက် နှင့်အကြမ်းဖက်စစ်ကောင်စီတို့အကြား ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်မှစတင်ပြီး တိုက်ပွဲများပြင်းထန်စွာဆက်တိုက်ဖြစ်ပွားခဲ့သည်။

မတ်လ ၁၅ ရက်တွင်CDF-ကန်ပက်လက် ၊ CDF-မင်းတပ်၊ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ The Youth Force နှင့် Saw – PDF ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတို့အကြား နံနက် ၈းဝဝ နာရီမှ ညနေ ၃းဝဝနာရီ အထိ စမ္မသားရွာဟောင်း အတွင်းတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ထိုတိုက်ပွဲတွင် လက်နက်အင်အားမမျှ ၍ CDF-ကန်ပက်လက် ဌာနချုပ်ကို ယာယီစွန့်လွှတ်လိုက်ရသည်ဟု CDF-ကန်ပက်လက်ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။