Connect with us

Hi, what are you looking for?

News

(၃၄) နှစ်မြောက် ချင်းတော်လှန်ရေးတွင် NUG နှင့် CRPH သဝဏ်လွှာပေးပို့

ယနေ့ကျရောက်သော ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်မြောက် ချင်းတော်လှန် ရေးနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

(၃၄ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ရက်က CNF/CNA ၏ စခန်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ CIC)

ချင်းအမျိုးသားတပ်ဦး(Chin National Front) သည် ပြည်သူနှင့်အတူရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်နေ၍ တိုင်းရင်းသားပြည်သူများကိုယ်စားများစွာကျေးဇူးတင်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်မြောက် ချင်းတော်လှန် ရေးနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

(၃၄ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ရက်က CNF/CNA ၏ စခန်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ CIC)

၃၄ နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦးအား ခေါင်းဆောင်မှုပေးခဲ့ကြသည့် အဆက်ဆက်သောခေါင်းဆောင်များနှင့်တကွ ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ချင်းအမျိုးသမီး၊ အမျိုးသားများအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုကြောင်းလည်း NUG က ဖော်ပြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကလည်း ယနေ့ကျရောက်သော ချင်းတော်လှန်ရေးနေ့တွင် ပြည်ထောင်စုချင်းတိုင်းရင်းသားများနှင့်တကွ ပြည်သူများ မျှော်မှန်း တောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းသည်။

Public Service Announcement

Public Service Announcement

(၃၄ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ရက်က CNF/CNA ၏ စခန်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ CIC)

ထို့အပြင် အကြမ်းဖက်စစ်အာဏာရှင်များ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်သည် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီး ချင်းတိုင်းရင်းသားတို့သည်လည်း ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရခြင်း၊ နေအိမ်နှင့် ပိုင်ဆိုင်မှုတို့ မီးရှို့ဖျက်ဆီးခဲ့နေခြင်းတို့ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရင်း အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း CRPH ၏ သဝဏ်လွှာတွင် ဖော်ပြ သည်။

ယင်းသို့ အခက်အခဲ၊ ဒုက္ခများစွာဖြင့် ရင်ဆိုင်နေကြရသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးတပ်ဦးတွင် ချင်းတိုင်းရင်းသားပြည်သူလူထုတို့၏ စည်းလုံးညီညွတ်မှု၊ ရဲရင့်ပြင်းပြသော စိတ်ဓာတ်၊ ခိုင်မာသော ယုံကြည်ချက်၊ ဖြောင့်မတ်သော ဦးတည်ချက်များကိုလေးစားစွာ အသိအမှတ်ပြုကြောင်း CRPH ကဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။