Connect with us

Hi, what are you looking for?

News

(၃၄) နှစ်မြောက် ချင်းတော်လှန်ရေးတွင် NUG နှင့် CRPH သဝဏ်လွှာပေးပို့

ယနေ့ကျရောက်သော ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်မြောက် ချင်းတော်လှန် ရေးနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

(၃၄ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ရက်က CNF/CNA ၏ စခန်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ CIC)

ချင်းအမျိုးသားတပ်ဦး(Chin National Front) သည် ပြည်သူနှင့်အတူရပ်တည်ကာ အာဏာသိမ်းစစ်ကောင်စီကို ခုခံတွန်းလှန်ခြင်းတွင် ပါဝင်ဦးဆောင်နေ၍ တိုင်းရင်းသားပြည်သူများကိုယ်စားများစွာကျေးဇူးတင်ဂုဏ်ယူကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ထုတ်ပြန်သည်။

ယနေ့ကျရောက်သော ချင်းအမျိုးသားတပ်ဦးဖွဲ့စည်းတည်ထောင်ခြင်း (၃၄) နှစ်မြောက် ချင်းတော်လှန် ရေးနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က သဝဏ်လွှာပေးပို့ရာတွင် ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။

(၃၄ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ရက်က CNF/CNA ၏ စခန်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ CIC)

၃၄ နှစ်တာကာလအတွင်း ချင်းအမျိုးသားတပ်ဦးအား ခေါင်းဆောင်မှုပေးခဲ့ကြသည့် အဆက်ဆက်သောခေါင်းဆောင်များနှင့်တကွ ကိုယ်ကျိုးစွန့်အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြသည့် ချင်းအမျိုးသမီး၊ အမျိုးသားများအားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေးအမြတ်ပြုကြောင်းလည်း NUG က ဖော်ပြသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကလည်း ယနေ့ကျရောက်သော ချင်းတော်လှန်ရေးနေ့တွင် ပြည်ထောင်စုချင်းတိုင်းရင်းသားများနှင့်တကွ ပြည်သူများ မျှော်မှန်း တောင့်တနေသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို အမြန်ဆုံးတည်ဆောက်နိုင်ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းသည်။

Public Service Announcement

Public Service Announcement

(၃၄ နှစ်မြောက် ချင်းတော်လှန်ရေးနေ့ အထိမ်းအမှတ် အားကစားဖွင့်ပွဲအခမ်းအနားကို မတ်လ ၁၆ရက်က CNF/CNA ၏ စခန်းတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ CIC)

ထို့အပြင် အကြမ်းဖက်စစ်အာဏာရှင်များ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်သည် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ပြီး ချင်းတိုင်းရင်းသားတို့သည်လည်း ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခံနေရခြင်း၊ နေအိမ်နှင့် ပိုင်ဆိုင်မှုတို့ မီးရှို့ဖျက်ဆီးခဲ့နေခြင်းတို့ကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရင်း အခက်အခဲများစွာဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း CRPH ၏ သဝဏ်လွှာတွင် ဖော်ပြ သည်။

ယင်းသို့ အခက်အခဲ၊ ဒုက္ခများစွာဖြင့် ရင်ဆိုင်နေကြရသော်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေးအတွက် တော်လှန်ရေးတပ်ဦးတွင် ချင်းတိုင်းရင်းသားပြည်သူလူထုတို့၏ စည်းလုံးညီညွတ်မှု၊ ရဲရင့်ပြင်းပြသော စိတ်ဓာတ်၊ ခိုင်မာသော ယုံကြည်ချက်၊ ဖြောင့်မတ်သော ဦးတည်ချက်များကိုလေးစားစွာ အသိအမှတ်ပြုကြောင်း CRPH ကဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ရဲဘော်တွေ ပြောဆိုလေ့ရှိတဲ့ ဗန်းစကားတစ်ခုရှိပါတယ်။ ‘ပွဲကတယ်’ဆိုတဲ့ စကားပါ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်တွင်း၌ ရှိနေပြီးလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ဦးဆောင်ကိုင်တွယ်နေသည်။

သတင်း

MNDAA နဲ့ မဟာမိတ်တပ်​တွေ ၂၀၂၄ သြဂုတ်လ ၃ ရက်​နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာလားရှိုး မြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှု​ကြောင့်MNDAA ကစစ်​ကောင်စီကို ပြန်လွှဲ​ပေးရပြီး ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ထဲကို စစ်​ကောင်စီတပ်ယာဥ်တန်း​တွေပြန်လည်ဝင်​ရောက်နိုင်ခဲ့ပါတယ်။

မေးမြန်းခန်း

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်မေးမြန်းခန်း သော်မွန်/People’s Spring တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ဟာ ဧပြီ ၁၇ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ လူချင်းတွေ့ဆုံခဲ့ပြီး...