Connect with us

Hi, what are you looking for?

News

ယခုရက်ပိုင်းအတွင်း CDM ဝင်ရောက်လာသည့် စစ်သည်အရေအတွက် ပိုမိုများပြားလာ

အခြားသော CDM ဗိုလ်ကြီးတစ်ဦးကလည်း မကြာသေးမီကာလအတွင်း CDM ဝင်ရောက်လာမှု သည် ပိုမိုစိပ်လာ၊ ပိုမိုများပြားလာကြောင်း အတည်ပြုသည်။

(စစ်​ကောင်စီ၏ ခလရ(၂၅၆)တပ်ရင်းမှ တပ်သား ​စောကလဲဘွဲထူးနှင့် ကိုသက်တို့ ပြီးခဲ့သည့် ဇန်နဝါရီလက ​ရေစကြို PDF ထံ အလင်းဝင်လာစဥ်)

ယခုရက်ပိုင်းအတွင်း ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လာသည့် စစ်သည်အရေအတွက် ပိုမိုများပြားလာကြောင်း CDM ဗိုလ်ကြီးအချို့က ပြောသည်။

ပြီးခဲ့သည့် ၃ ရက်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပါဝင်လာသည့် စစ်သည် ၃၇ ဦးရှိပြီး လက်ရှိတွင် ၎င်းတို့အားလုံး လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။

“ကျွန်​တော် CDM ဝင်ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း ဒီအရေအတွက်နဲ့ ဝင်ရောက်တာ အများဆုံးပါပဲ” ဟု ကိုလင်းထက်အောင်က ဆိုသည်။

အခြားသော CDM ဗိုလ်ကြီးတစ်ဦးကလည်း မကြာသေးမီကာလအတွင်း CDM ဝင်ရောက်လာမှု သည် ပိုမိုစိပ်လာ၊ ပိုမိုများပြားလာကြောင်း အတည်ပြုသည်။

Public Service Announcement

Public Service Announcement

တပ်ရင်းမှူးအဆင့်ဖြင့် CDM ဝင်ရောက်လာသူ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းက စစ်တပ်အတွင်း အရာရှိ၊ စစ်သည်အနည်းဆုံး ၆၅ ရာခိုင်နှုန်းမှာ စစ်သားက သူပုန်ပြန်ဖြစ်နေသည်ကို သိရှိနေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး ညီသုတနှင့်တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောသည်။

စစ်ကောင်စီလက်အောက် စစ်သားများသည် ပြည်သူ လူထုတရပ်လုံးကို ပြန်လည်တိုက်ခိုက်နေရ ခြင်းဖြစ်ပြီး ပြည်သူလူထု၏ ခုခံတော်လှန်မှု၊ နာကြည်းမုန်းတီးမှုများကိုခံနေရကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြတာရှိတယ်။ ပြည်သူတရပ်လုံးနဲ့ ဆင်နွှဲနေတာဖြစ်တဲ့အတွက် စစ်ကောင်စီအောက်မှာ ဆက်တာဝန်ထမ်းဆောင်နေရင် အစ်ကိုတို့က အလိုလိုရန်သူဖြစ်နေပြီ။ အစ်ကိုတို့ အသက်အန္တရာယ်တွေကလည်း တစ်နေ့ တခြားပိုပြီး စိုးရိမ်နေရတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

တရားမဝင်အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်တွင် CDM ဝင်ရောက်လာသည့် အရာရှိ၊ စစ်သည်အရေ အတွက်သည် ၂,၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် CDM ဝင်ရောက်လာသူ အနည်းဆုံး နှစ်ဦးရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။