Connect with us

Hi, what are you looking for?

LuduNwayOo

News

ယခုရက်ပိုင်းအတွင်း CDM ဝင်ရောက်လာသည့် စစ်သည်အရေအတွက် ပိုမိုများပြားလာ

အခြားသော CDM ဗိုလ်ကြီးတစ်ဦးကလည်း မကြာသေးမီကာလအတွင်း CDM ဝင်ရောက်လာမှု သည် ပိုမိုစိပ်လာ၊ ပိုမိုများပြားလာကြောင်း အတည်ပြုသည်။

(စစ်​ကောင်စီ၏ ခလရ(၂၅၆)တပ်ရင်းမှ တပ်သား ​စောကလဲဘွဲထူးနှင့် ကိုသက်တို့ ပြီးခဲ့သည့် ဇန်နဝါရီလက ​ရေစကြို PDF ထံ အလင်းဝင်လာစဥ်)

ယခုရက်ပိုင်းအတွင်း ပြည်သူ့ဘက်ကူးပြောင်းရပ်တည်လာသည့် စစ်သည်အရေအတွက် ပိုမိုများပြားလာကြောင်း CDM ဗိုလ်ကြီးအချို့က ပြောသည်။

ပြီးခဲ့သည့် ၃ ရက်အတွင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပါဝင်လာသည့် စစ်သည် ၃၇ ဦးရှိပြီး လက်ရှိတွင် ၎င်းတို့အားလုံး လုံခြုံသည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး လင်းထက်အောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားသည်။

“ကျွန်​တော် CDM ဝင်ပြီးနောက်ပိုင်း ရက်ပိုင်းအတွင်း ဒီအရေအတွက်နဲ့ ဝင်ရောက်တာ အများဆုံးပါပဲ” ဟု ကိုလင်းထက်အောင်က ဆိုသည်။

အခြားသော CDM ဗိုလ်ကြီးတစ်ဦးကလည်း မကြာသေးမီကာလအတွင်း CDM ဝင်ရောက်လာမှု သည် ပိုမိုစိပ်လာ၊ ပိုမိုများပြားလာကြောင်း အတည်ပြုသည်။

Public Service Announcement

Public Service Announcement

တပ်ရင်းမှူးအဆင့်ဖြင့် CDM ဝင်ရောက်လာသူ ဒုတိယဗိုလ်မှူးကြီးမျိုးမင်းထွန်းက စစ်တပ်အတွင်း အရာရှိ၊ စစ်သည်အနည်းဆုံး ၆၅ ရာခိုင်နှုန်းမှာ စစ်သားက သူပုန်ပြန်ဖြစ်နေသည်ကို သိရှိနေပြီဖြစ်ကြောင်း CDM ဗိုလ်ကြီး ညီသုတနှင့်တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းပြောသည်။

စစ်ကောင်စီလက်အောက် စစ်သားများသည် ပြည်သူ လူထုတရပ်လုံးကို ပြန်လည်တိုက်ခိုက်နေရ ခြင်းဖြစ်ပြီး ပြည်သူလူထု၏ ခုခံတော်လှန်မှု၊ နာကြည်းမုန်းတီးမှုများကိုခံနေရကြောင်း ဒုတိယဗိုလ်မှူးကြီး မျိုးမင်းထွန်းက ပြောသည်။

“တနိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေကြတာရှိတယ်။ ပြည်သူတရပ်လုံးနဲ့ ဆင်နွှဲနေတာဖြစ်တဲ့အတွက် စစ်ကောင်စီအောက်မှာ ဆက်တာဝန်ထမ်းဆောင်နေရင် အစ်ကိုတို့က အလိုလိုရန်သူဖြစ်နေပြီ။ အစ်ကိုတို့ အသက်အန္တရာယ်တွေကလည်း တစ်နေ့ တခြားပိုပြီး စိုးရိမ်နေရတာပေါ့”ဟု ၎င်းက ဆက်ပြောသည်။

တရားမဝင်အာဏာသိမ်းမှု တစ်နှစ်ကျော်လာချိန်တွင် CDM ဝင်ရောက်လာသည့် အရာရှိ၊ စစ်သည်အရေ အတွက်သည် ၂,၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းတွင် ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် CDM ဝင်ရောက်လာသူ အနည်းဆုံး နှစ်ဦးရှိကြောင်း သိရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကနဦး စုံစမ်းမှုတွေအရ အမေရိကန် တပ်ဖွဲ့ဝင်တွေဟာ အဲဒီ ဖောက်ခွဲရေး ဒရုန်းကို ကိုယ့်တပ်ဖက်က ဒရုန်းလို့ အထင်မှားပြီး ပေါ့ပေါ့ဆဆ သဘောထားမိခဲ့တာ ဖြစ်နိုင်တယ်လို့ သိရှိရပါတယ်။

မေးမြန်းခန်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ကရင်နီ​တော်လှန်​ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှု​ကြောင့် စစ်သား ၂၀၀၀ ​ကျော်​သေဆုံးခဲ့​ကြောင်းသိ့ရသည်။

သတင်း

ယနေ့ (အောက်တိုဘာ ၅ရက်)တွင် လကျရောက်သည့် (၂၉)နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ကိုမြန်မာနိုင်ငံတွင် CDM ဆရာ၊ ဆရာများအနေဖြင့် စစ်အာဏာရှင်စနစ်ဆိုးကို ခုခံတော်လှန်ရင်း ဖြတ်ကျော်နေကြရကြောင်း ဖော်ပြသည်။

ဆောင်းပါး

အာမခံချက်မရှိတော့သော အဖွဲ့အစည်း နှင့် နေ့စဥ်အပေါ်ဖား အောက်ဖိနေရသည့် တပ်တွင်း ​နေ့စဥ်ဘဝကို သူ စိတ်ကုန်လာခြင်းဖြစ်သည်ဟုဖွင့်ဟသည်။