Connect with us

Hi, what are you looking for?

News

ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်ကျူးလွန်ခဲ့မှုများ ဂျီနိုဆိုက်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်အစိုးရ ယနေ့ကြေညာမည်

နှစ်ပေါင်းများစွာကြာ လူ့အခွင့်အရေးအဖွဲ့များတောင်းဆိုနေခဲ့သော အထက်ပါ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝါရှင်တန်မြို့တော်ရှိ US Holocaust Memorial Museum ၌ လူသိရှင်ကြားထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။

ဓာတ်ပုံ - CNN

ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု (genocide)နှင့် လူသားမျိုးနွယ်ကို ဆန့်ကျင်သောရာဇဝတ်မှုများ(crimes against humanity)ကို မြန်မာစစ်တပ်ကျူးလွန်ခဲ့ကြောင်း အမေရိကန် အစိုးရက ယနေ့တရားဝင်ကြေငြာမည်ဟု CNN သတင်းဌာနက ဖော်ပြ သည်။

နှစ်ပေါင်းများစွာကြာ လူ့အခွင့်အရေးအဖွဲ့များတောင်းဆိုနေခဲ့သော အထက်ပါ ဆုံးဖြတ်ချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ဝါရှင်တန်မြို့တော်ရှိ US Holocaust Memorial Museum ၌ လူသိရှင်ကြားထုတ်ပြန်ကြေညာမည်ဟု ဆိုသည်။

“နောက်ဆုံးမှာ ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ရက်စက်ယုတ်မာမှုတွေကို ဂျီနိုဆိုက်အဖြစ် သတ်မှတ်ခဲ့တာအတွက် ဘိုင်ဒန်အစိုးရကို ကျွန်တော်ချီးကျူးပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အချိန် နှောင်းနေပြီဖြစ်ပေမယ့် ဒီလူမဆန်တဲ့(စစ်)အစိုးရကို အရေးယူဖို့ အားကောင်းပြီး အလွန်အရေး ကြီးတဲ့ခြေလှမ်းဖြစ်ပါတယ်”ဟု အမေရိကန်အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီဝင် ဂျက်ဖ်မက်ကလီက ပြောသည်။

၂၀၁၈ တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တိတ်တဆိတ်ထုတ်ပြန်ခဲ့သော အစီရင်ခံစာ ၌ ‘ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်မှုသည် ပြင်းထန်စွာ၊ ကြီးမားကျယ်ပြန့်စွာ၊ လူထုကို အကြမ်းဖက်ပြီး ဌာနေရိုဟင်ဂျာများကို မောင်းထုတ်ခြင်း သက်ရောက်ခဲ့ကြောင်း’ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တာဝန်ရှိမှုဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်တန်းအရာရှိများကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပိတ်ဆို့ ဒဏ်ခတ်အရေးယူခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။