Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ စီစဉ်သည့် တဖက်သတ်တွေ့ဆုံမှုများတွင် အချိန်မကုန်စေရန် အာဆီယံအထူးကိုယ်စားလှယ်ကို NUG အသိပေး

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းကတည်းက စာရေးသားပေးပို့ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

▪️CRPH ၊ NUG ၊ NUCC နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းစသည့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် မဖြစ်မနေလိုအပ်ဟုဆို

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီ စီစဉ်သည့် တဖက်သတ်တွေ့ဆုံမှုများ၌ အချိန်မကုန်စေဘဲ မြန်မာပြည်သူလူထု၏ အသံကိုနားထောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ နေပြည်တော်ခရီးစဉ်သည် ယနေ့စတင်ပြီး ယင်းခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် CRPH ၊ NUG ၊ NUCC နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အစရှိ သည့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် မဖြစ်မနေလိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းကတည်းက စာရေးသားပေးပို့ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အထူးကိုယ်စားလှယ်သည် စစ်ကောင်စီ ၏ အကြမ်းဖက် ဖိနှိပ်မှုများ ကိုမျက်ကွယ်ပြုလျက် တရားမဝင် အာဏာသိမ်းမှုကို အသက်ရှည်စေမည့် ချည်းကပ်တွေ့ဆုံမှုများကို ဆောင်ရွက်ခြင်းမပြုရန်လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုသည်။

အထူးကိုယ်စားလှယ်၏ခရီးစဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်စပ်လျဉ်း၍ စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေရေးတွန်းအားပေးရန်၊ လူသားချင်း စာနာမှုအကူအညီများကို NUG ၊ EAO ၊ NGO ၊ CSO များမှတဆင့်ပေးပို့ရန် နှင့် ငြိမ်းချမ်းသည့် ရလဒ်များကို ရှာဖွေရာတွင် ပြည်သူများ၏ အကျိုးစီးပွား၊ လိုလားတောင့်တချက်များကိုသာ အခြေခံရန် NUG က တိုက်တွန်းသည်။

အာဆီယံအနေဖြင့်လည်း မြန်မာပြည်သူတို့၏ တခုတည်းသော တရားဝင်ကိုယ်စားပြု အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်သာ ပူးပေါင်းဆောင်ရွက်ရန် အတိအလင်း တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook