Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ စီစဉ်သည့် တဖက်သတ်တွေ့ဆုံမှုများတွင် အချိန်မကုန်စေရန် အာဆီယံအထူးကိုယ်စားလှယ်ကို NUG အသိပေး

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းကတည်းက စာရေးသားပေးပို့ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

▪️CRPH ၊ NUG ၊ NUCC နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းစသည့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် မဖြစ်မနေလိုအပ်ဟုဆို

အာဆီယံအထူးကိုယ်စားလှယ်အနေဖြင့် စစ်ကောင်စီ စီစဉ်သည့် တဖက်သတ်တွေ့ဆုံမှုများ၌ အချိန်မကုန်စေဘဲ မြန်မာပြည်သူလူထု၏ အသံကိုနားထောင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းထုတ်ပြန်သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ နေပြည်တော်ခရီးစဉ်သည် ယနေ့စတင်ပြီး ယင်းခရီးစဉ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် CRPH ၊ NUG ၊ NUCC နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း အစရှိ သည့် သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရန် မဖြစ်မနေလိုအပ်ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

NUG နိုင်ငံခြားရေးဝန်ကြီးဌာနသည် အာဆီယံအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးကို မြန်မာ့အရေးဆွေးနွေးရန် ဖေဖော်ဝါရီလအတွင်းကတည်းက စာရေးသားပေးပို့ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အထူးကိုယ်စားလှယ်သည် စစ်ကောင်စီ ၏ အကြမ်းဖက် ဖိနှိပ်မှုများ ကိုမျက်ကွယ်ပြုလျက် တရားမဝင် အာဏာသိမ်းမှုကို အသက်ရှည်စေမည့် ချည်းကပ်တွေ့ဆုံမှုများကို ဆောင်ရွက်ခြင်းမပြုရန်လည်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုသည်။

အထူးကိုယ်စားလှယ်၏ခရီးစဉ်အတွင်း အာဆီယံဘုံသဘောတူညီချက် ၅ ရပ်နှင့်စပ်လျဉ်း၍ စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရပ်များကို ချက်ချင်းရပ်တန့်စေရေးတွန်းအားပေးရန်၊ လူသားချင်း စာနာမှုအကူအညီများကို NUG ၊ EAO ၊ NGO ၊ CSO များမှတဆင့်ပေးပို့ရန် နှင့် ငြိမ်းချမ်းသည့် ရလဒ်များကို ရှာဖွေရာတွင် ပြည်သူများ၏ အကျိုးစီးပွား၊ လိုလားတောင့်တချက်များကိုသာ အခြေခံရန် NUG က တိုက်တွန်းသည်။

အာဆီယံအနေဖြင့်လည်း မြန်မာပြည်သူတို့၏ တခုတည်းသော တရားဝင်ကိုယ်စားပြု အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရနှင့်သာ ပူးပေါင်းဆောင်ရွက်ရန် အတိအလင်း တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။