Connect with us

Hi, what are you looking for?

News

ထောင်ကလွတ်လာတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေနဲ့ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ဖို့ပြင်နေတဲ့ စစ်ကောင်စီ

ကိုဗစ်ကြောင့် ရုပ်ရှင်တွေပိတ်ခဲ့တဲ့အချိန်က တန်းစီဇယားအရ ရုံတင်ရမယ့် ရုပ်ရှင်က မြင့်မြတ်နဲ့ ယုန်လေးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ အော်ရဂျင်နယ်ဂန်းစတား ဇာတ်ကားဖြစ်ပေမယ့် ရုံတင်မယ့် ဇာတ်ကားစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

နှစ်ဆန်းတစ်ရက်မှာ ပြန်ဖွင့်ဖို့လုပ်နေတဲ့ ရုပ်ရှင်ရုံတွေမှာ လောလောလတ်လတ် အကျဥ်းထောင်ထဲက လွတ်လာတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေကိုပဲ ဆက်တိုက်ရုံတင်ဖို့ ပြင်ဆင်နေတာတွေ့ရပါတယ်။

နှစ်ဆန်းတစ်ရက် ဧပြီ ၁၇ တွင် လူမင်း၊ နေမင်း၊ ရွှေမှုန်ရတီ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ဝေးမနေချင်ဘူးဇာတ်ကားကိုစပြသမှာဖြစ်ပြီးတော့ ဧပြီ ၂၉ မှာတော့ ပြေတီဦးနဲ့ဖွေးဖွေးတို့ ပါဝင်ထားတဲ့ လိပ်ပြာထောင်ချောက်၊ မေ ၆ ရက်မှာ ပိုင်တံခွန်နဲ့ အိချောပို တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အမှောင်တိုက်၊ မေ ၁၃ မှာတော့ ပြေတီဦးနဲ့ ဝတ်မှုံရွှေရည်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ ရွာဂေါ်၊ မေ ၂၀ မှာ အောင်ရဲလင်းနဲ့ အိန္ဒြာကျော်ဇင်တို့ပါဝင်သရုပ်ဆောင်ထားတဲ့ အချိုဆုံးအချစ် အပြင်းဆုံးမေတ္တာနဲ့ မေ၂၇ မှာ ပြေတီဦး ၊ မနော၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်တို့ပါဝင်ထားတဲ့ ကမောက်ကမ သမီးယောက်မ ဇာတ်ကားတွေ ရုံတင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရုံတင်မယ့် ရုပ်ရှင်ဇာတ်ကားတွေမှာ ထိပ်တန်းသရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ နေတိုး၊မြင့်မြတ်တို့ ဇာတ်ကားများ ပါဝင်ခြင်းမရှိတာကို တွေ့ရပါတယ်။

ကိုဗစ်ကြောင့် ရုပ်ရှင်တွေပိတ်ခဲ့တဲ့အချိန်က တန်းစီဇယားအရ ရုံတင်ရမယ့် ရုပ်ရှင်က မြင့်မြတ်နဲ့ ယုန်လေးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ အော်ရဂျင်နယ်ဂန်းစတား ဇာတ်ကားဖြစ်ပေမယ့် ရုံတင်မယ့် ဇာတ်ကားစာရင်းမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။

Public Service Announcement

Public Service Announcement

စဖွင့်ချိန်မှာပြမယ့်ရုပ်ရှင်ရုံတင်ကားတွေကို မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေကိုသာ ရွေးချယ်ထားတာတွေ့ရပါတယ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်ရင် Social Punishment လုပ်တဲ့အနေနဲ့ မကြည့်ဖို့ တောင်းဆိုမှုတွေ တလျောက်လုံးရှိနေခဲ့တာပါ။

ဒါကြောင့် စစ်ကောင်စီက ပြည်သူဘက်ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေပါဝင်သရုပ် ဆောင်ထားတဲ့ ဇာတ်ကားတွေကို‌ရွေးချယ်ခြင်းဖြစ်နိုင်ကြောင်း ပရိသတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

ရုပ်ရှင်ရုံများကို မြန်မာနိုင်ငံမှာ ကိုဗစ်စတင်တွေ့ခဲ့တဲ့ ၂၀၂၀ မတ်လကတည်းက ပိတ်ထားခဲ့ခြင်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

သံမဏီနှင်းဆီနဲ့ သ​​င်​ကေတပြုထားတဲ့လူထု​​ခေါင်း​ဆောင် ​ဒေါ်​အောင်ဆန်းစုကြည်ရဲ့ ​မွေး​နေ့ရက်​တွေဟာ တကယ်​တော့ လူတစ်ဦးရဲ့​မွေး​နေ့ထက် အဓိပ္ပါယ်​လေးနက်ပါတယ်။ လူထု​​ခေါင်း​ဆောင်အ​ပေါ် ပြည်သူတွေရဲ့ချစ်ခြင်း​မေတ္တာပြသခြင်းရဲ့ပြယုဂ်ခြင်းဖြစ်ပါတယ်။ဒါအပြင် လူထု​ခေါင်း​ဆောင်ရဲ့ ဒီမိုက​ရေစီအတွက် ခက်ခဲကြမ်းတမ်းလှတဲ့လမ်းကို​​လျှောက်လှမ်းရ​ပေမယ့် ​နောက်မတွန့်ပဲ ပန်းတိုင်ဆီ သတ္တိအပြည့်နဲ့ ချီတက်​နေတဲ့ လမ်းစဥ်ကို ယုံကြည်တယ်၊လိုက်နာမယ်ဆိုတဲ့ အချက်ပြ​မှု​တွေလည်းဖြစ်ပါတယ် ။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

သတင်း

တော်လှန်အနုပညာရှင်ဒေါင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပရိသတ်တွေနဲ့ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဇွန် ၆ ရက်မှပြုလုပ်မှာပါ။