Connect with us

Hi, what are you looking for?

News

သေ့ဘောဘိုးဒေသတိုက်ပွဲ စစ်ကောင်စီတပ်အကျအဆုံးများ၍ ကော့ကရိတ်ပြည်သူများကို လေကြောင်းအန္တရာယ်ဂရုပြုရန် တပ်လှန့်ထား

ကော့ကရိတ်တောင်ပိုင်း အာရှလမ်း၌လည်း ယနေ့ တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ခဲ့ကြောင်း၊ ယခုထိခိုက်ကျဆုံးမှုများခဲ့သည့် စစ်ကောင်စီတပ်များမှာ မတ်လ ၂၁ရက်က ကော့ကရိတ်ဒေသသို့ ထိုးစစ်ဆင်ဝင်လာသည့် စစ်ကြောင်းများဖြစ်ကြောင်း ဒေသခံက ပြောသည်။

(မနေ့ညက KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့၍ နေအိမ်အချို့ပျက်စီးမှု များရှိခဲ့သည်။ ဓာတ်ပုံ - KNU-Mutraw News)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားခဲ့၍ ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည့်အပေါ် လေကြောင်း အန္တရာယ်ဂရုပြုရန် ဒေသခံများကို တပ်လှန့်ထားသည်ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ တပ်မဟာ(၆)က အပေါ်မှာလည်း တအားတိုက်ပွဲပြင်းထန် တယ်လေ။ တိုက်ပွဲ ပြင်းထန်တော့ ရဲဘော်(စစ်ကောင်စီတပ်ဖွဲ့ဝင်)တွေလည်း အကျအဆုံးများတယ်လို့ ကြားတဲ့အခါကျတော့ ဒီည လေယာဉ်သုံးနိုင်တယ် ဆိုပြီး ဒေသခံ အားလုံးကို တန့်လှန့်ထား တယ်။ လူကြီးတွေက ပြောထားတယ်။ ကော့ကရိတ်တောင်ပိုင်းမှာရှိတဲ့ ပြည်သူတွေအားလုံး သတိနဲ့ အိပ်ကြပါ။ အားလုံးကအိမ်ပေါ်မအိပ်ကြနဲ့ ကျင်းထဲမှာပဲ အိပ်ကြပါလို့ နှိုးဆော်ထား တယ်ဗျ”ဟု ၎င်းက ဆိုသည်။

(မနေ့ညက KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့၍ နေအိမ်အချို့ပျက်စီးမှု များရှိခဲ့သည်။ ဓာတ်ပုံ – KNU-Mutraw News)

မတ်လ ၂၁ရက်က မြ၀တီမြို့နယ် ဝေါ်လေဒေသရှိ မော်ခီးစခန်းကို KNU ဦးဆောင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အဆိုပါဒေသသို့ စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင်ရောက်လာ၍ သေ့ဘောဘိုးဒေသ ဘလက်ဒို့ရွာအနီး၌ ယနေ့နံနက်က တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

“မောခီးစခန်းကျသွားတဲ့နောက်ပိုင်းမှာ သူတို့ ပြန်လိုက်တက်သွားတဲ့ သဘောဖြစ်တာပေါ့။ လမ်းကနေ ဖြတ်တောက်ပြီးတော့ သူများမိုင်းဆွဲတိုက်ခိုက်လိုက်တဲ့အခါကျတော့ ကျွန်တော်ကြားတာကတော့ လူဦးရေက ၄၀ကျော်ဝန်းကျင်လောက်ကျတယ်လို့သိရတယ်” ဟု ကော့ကရိတ် ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ကော့ကရိတ်တောင်ပိုင်း အာရှလမ်း၌လည်း ယနေ့ တိုက်ပွဲများ ကြိုကြားကြိုကြား ဖြစ်ခဲ့ကြောင်း၊ ယခုထိခိုက်ကျဆုံးမှုများခဲ့သည့် စစ်ကောင်စီတပ်များမှာ မတ်လ ၂၁ရက်က ကော့ကရိတ်ဒေသသို့ ထိုးစစ်ဆင်ဝင်လာသည့် စစ်ကြောင်းများဖြစ်ကြောင်း ဒေသခံက ပြောသည်။

(မနေ့ညက KNU တပ်မဟာ(၅)နယ်မြေတွင် စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ခဲ့၍ နေအိမ်အချို့ပျက်စီးမှု များရှိခဲ့သည်။ ဓာတ်ပုံ – KNU-Mutraw News)

KNU တပ်မဟာ(၆) ဒူးပလာယာခရိုင်အနေဖြင့် ဒေသတွင်းရှိ စစ်ကောင်စီတပ်များ ပြန်လည် ဆုတ်ခွာရန် စစ်ကောင်စီထံ အသိပေးထား သကဲ့သို့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ဒေသခံထွက်ခွာရန်၊ မြို့ခံဝန်ထမ်းများ နှုတ်ထွက်ရန် ကြေညာထားသည်။

ထို့ပြင် ပြည်သူလူထု ဘ၀ရပ်တည်မှုကို အနှောက်အယှက်ပေးနေသည့် စစ်ကောင်စီတပ်ကို နည်းမျိုးစုံဖြင့် တုံ့ပြန်သွားမည်ဖြစ်ကြောင်း KNU ကော့ကရိတ်မြို့နယ်က သတင်းထုတ်ပြန် ထားပြီး ကော့ကရိတ် – မြ၀တီလမ်း၊ မြ၀တီ – ဝေါ်လေလမ်းကို ပြည်သူများ ဖြတ်သန်းသွား လာခြင်းမပြုရန် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။