Connect with us

Hi, what are you looking for?

News

မြ၀တီ – ကော့ကရိတ်အာရှလမ်းပိုင်းမှာ အရပ်သားကားတစ်စီးပစ်ခတ်ခံရပြီး တစ်ဦးသေဆုံး

မနေ့ မတ်လ ၂၇ ရက်ကလည်း အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ကုန်တင်ယာဉ်နှစ်စီး မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

မြ၀တီ- ကော့ကရိတ်အာရှလမ်းပိုင်းမှာ သွားနေတဲ့ ယာဉ်တစ်စီး ဒီကနေ့မနက်ပိုင်းက ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားတစ်ဦး ထိမှန်သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒီကနေ့ မနက် ၈ နာရီ ၂၀ အချိန်က ကော့ကရိတ်မြို့နယ် မြ၀တီ-ကော့ကရိတ်အာရှလမ်းမ ယာယီဘေလီတံတားအနီးမှာ ကော့ကရိတ်ကနေ မြ၀တီသွားမယ့် ယာဉ်တစ်စီးဟာ ပစ်ခတ်ခဲ့ရတာဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးသွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၂၇ ရက်ကလည်း အာရှလမ်း တောနော်ရေတံခွန်အနီးမှာ ကုန်တင်ယာဉ်နှစ်စီး မီးရှို့ခံခဲ့ရပြီး စစ်ကောင်စီနဲ့ KNLA ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားလျက်ရှိနေတာ ဖြစ်ပါတယ်။

မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းမှာ ဒီကနေ့မနက်ပိုင်းက ယာဉ်ငယ်အချို့ သွားလာတာတွေရှိနေပြီး ယာဉ်ကြီး ကုန်တင်ယာဉ်အများစုတွေကတော့ သွားလာမှုမရှိပဲ ရပ်တန့်စောင့်ဆိုင်းနေကြရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

မြ၀တီ-ကော့ကရိတ်အာရှလမ်းပိုင်းနဲ့ မြ၀တီ-ဝေါ်လေကားလမ်းပိုင်းကို မတ်လ ၂၇ ရက်ကစပြီး ဒေသခံပြည်သူတွေအနေနဲ့ သွားလာတာတွေမပြုလုပ်ဖို့ ကေအဲန်ယူက အသိပေးစားထုတ်ပြန်ပြီးတဲ့နောက် အာရှလမ်းပိုင်းမှာ ထိတွေ့တိုက်ပွဲတွေပိုမိုဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။